မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာက ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)ရဲ့ ထုတ်ပြန်ချက်အရ အဆင့် ၄၅ သို့ တက်ရောက်လာ

စက်တင်ဘာ ၂၇
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)ရဲ့ စက်တင်ဘာ ၂၄ ရက်တွင် နောက်ဆုံးထုတ်ပြန်သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ အဆင့် ၄၅ နေရာသို့ တက်ရောက်လာနိုင်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးရပ်တည်မှုဖြစ်လာကြောင်း သိရပါတယ်။
သက်ထားသူဇာဟာ စက်တင်ဘာ ၄ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၀ သို့ ပြန်လည်ကျဆင်းသွားသော်လည်း စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၄၆ ကနေ ယခု ကမ္ဘာ့အဆင့် ၄၅ သို့ တက်ရောက်လာနိုင်​ခဲ့ကြောင်း သိရပါတယ်။ ၎င်းအနေဖြင့် ယခုနှစ်အတွင်း ကျန်ရှိသည့် လေးလတွင်လည်း ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် လက်ရည်စစ်ပွဲကာလကို ၂၀၂၄ ခုနှစ် ဧပြီလအထိ သတ်မှတ်ထားသဖြင့် သက်ထားသူဇာအနေဖြင့် BWF ပြိုင်ပွဲများ စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။