စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ပျိုးကန်ကျေးရွာ၌ ဦးခင်မောင်ထွေး(ခ)ဦးကျင်စိုး၊၅၄နှစ်၊(ဘ)ဦးအောင်ငြိမ်း၊တောင်သူ၊ ပျိုးကန်ကျေးရွာနေသူ၊င်း၏ဇနီးဖြစ်သူ ဒေါ်သန်းကြည် (ခ)ဒေါ်စိန်တင်၊၅၃နှစ်၊(ဘ)ဦးလှဆောင်၊နေရပ်တူ၊ ဒေါ်လုံး၊၅၄နှစ်၊(ဘ)ဦးဝင်းလှ၊တောင်သူ၊နေရပ်တူ၊ ဦးကျော်မိုး၊၅၃နှစ်၊(ဘ)ဦးတိုးမောင်၊ကျပန်း၊နေရပ်တူ တို့ကို အမည်မသိ အကြမ်းဖက်သမား PDF အမျိုးသား ၆ဦးက ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက် ပြေးသွားကြကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်း အခင်းမဖြစ်မီအချိန်တွင် ပျိုးကန်ရွာရှိ ဦးကျင်စိုး၏နေအိမ်၌ ဦးကျင်စိုးသည် ဇနီးဖြစ်သူ ဒေါ်သန်းကြည်နှင့်အတူရှိနေစဥ် တစ်ရွာတည်းနေ ခမည်းခမက် တော်စပ်သူ ဒေါ်လုံးနှင့် အိမ်နီးချင်းဖြစ်သူ ဦးကျော်မိုးတို့ အလည်ရောက်လာခိုက် နေအိမ်အတွင်း စကားထိုင်ပြောနေစဥ် အမည်မသိ အကြမ်းဖက်သမား PDF အမျိုးသား ၆ ဦးက ဆိုင်ကယ် ၃စီးဖြင့် ကျေးရွာအရှေ့ဘက်လမ်းအတိုင်းရောက်ရှိလာခဲ့ကြောင်း၊ ၎င်း အကြမ်းဖက်သမားများ သည် နေအိမ်အတွင်းဝင်ရောက်လာပြီး ” ဒလန်မိသား စုတွေ သေပေတော့ ” ဟု ပြောဆိုကာ သေနတ်ဖြင့်ပစ်ခတ်ပြီး ကျေးရွာအရှေ့လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးခင်မောင်ထွေး(ခ)ဦးကျင်စိုး တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ပြီး ယာ-မျက်လုံးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သန်းကြည်(ခ)ဒေါ်စိန်တင် တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ပြီး ဝဲ-နားထင် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ဒေါ်လုံး တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာရင်အုံ ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-လည်ပင်းပေါက်ပြဲဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဦးကျော်မိုး တွင် ယာ-ပါး ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-နားနောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြကြောင်း၊ အခင်းဖြစ်နေရာ အနီးမှ M-22 ကျည်ခွံ ၆ ခုအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဥ်တွင် သေဆုံးသူ ဒေါ်သန်းကြည်မှာ ပျိုးကန်ကျေးရွာမှ ရပ်/ ကျေး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်လှိုင်၏ညီမအရင်းတော်စပ်ဒေါ်လုံးမှာ ဦးကျင်စိုး၊ ဒေါ်သန်းကြည်တို့နှင့်ခမည်းခမက်တော်စပ်ကြောင်း၊ သေဆုံးသူ ဦးကျော်မိုးမှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ဦးဖြစ် ကြောင်း၊ ရပ်/ ကျေးပါတီဥက္ကဌ ဦးအောင်လှိုင်မှာ လုံခြုံရေးစိတ်မချရ၍ ပျိုးကန်ကျေးရွာတွင်မနေဘဲ အခြားတွင်ရှောင်တိမ်းနေကြောင်း၊ အကြမ်း ဖက်သမား PDF များက ပြည်ခိုင်ဖြိုးပါတီ ရပ်/ ကျေးဥက္ကဌ ဦးအောင်လှိုင်အား မသတ်ရသဖြင့် ၎င်း၏ဆွေမျိုးများနှင့် ပတ်သက်ဆက်နွယ်သူ များကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သတင်း ရရှိပါသည်။
ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ၏လမ်းညွှန်မှုများကို အကောင်အထည်ဖော်ပေးနေသည့် ပြည် တွင်း အကြမ်းဖက် PDF များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော် လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူ သော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေခြင်းဖြစ် ကြောင်း သိရပါသည်။
#PAN