မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)၄၃၅ ကီလို သိမ်းဆည်းရမိ

စက်တင်ဘာ ၂၈

      မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၃၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

        မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင် ဘာ ၂၄ ရက် နံနက် ၁ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် ငါးတဲစုကျေးရွာအနီး တောလမ်းတွင် ပင်လောင်းဘက်မှ ရမည်းသင်းဘက်သို့ ကိုဖြိုး(ခ) အောင်သူဖြိုးမောင်းနှင်လာသည့် ဆိုင်ကယ်နှင့် အောင်ကျော်စွာ(ခ)ကျော်စွာ မောင်းနှင်လာသည့် Toyota Hilux Surf ယာဉ်တို့ကို သတင်းအရ ရှာဖွေရာ Surf ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၈ ဒသမ ၇ ဘီလီ ယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ် ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN