မက်ဆီမပါတဲ့ အင်တာမိုင်ယာမီတို့ US Open Cup ဗိုလ်လုပွဲကို အရေးနိမ့်ခဲ့

Photos: Houston Dynamo FC, Twitter

စက်တင်ဘာ ၂၈
US Open Cup ဗိုလ်လုပွဲအဖြစ် ဒီနေ့မနက်ပိုင်းမှာ အင်တာမိုင်ယာမီနဲ့ ဟူစတန်ဒိုင်နမိုတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (1-2)ဂိုးနဲ့ ဟူစတန်ဒိုင်နမို အသင်းက အနိုင်ရရှိဗိုလ်ဆွဲသွားခဲ့ပါတယ်။
ဒဏ်ရာ ပြဿနာတွေကြောင့် မက်ဆီ နဲ့ အယ်လ်ဘာ မပါဝင်တဲ့ ဗိုလ်လုပွဲက သူတို့အတွက်တော့ ဆိုးရွားနေခဲ့ပြီး ဒီရာသီအတွက် ဒုတိယမြောက်ဖလားကို ရယူဖို့ မျှော်လင့်ချက်တွေလည်း ကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။