ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူ ၉ ဦးကို မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်

စက်တင်ဘာ ၂၈

      မန္တလေးတိုင်းဒေသကြီး၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ အနော်ရထာခန်းမတွင်  ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများအား မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ မန္တလေးတပ်နယ်မှူး၊ဗိုလ်မှူးချုပ် သိန်းထွန်းတင်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး အောင်လွင်နှင့် အရာ ရှိ/စစ်သည်များ၊ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်သန်းဇော်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူ ကျား ၈ဦး၊ မ ၁ဦးနှင့်၎င်းတို့၏ မိဘအုပ်ထိန်းသူများ စုစု ပေါင်းအင်အား ၇၀ဦးခန့် တက်ရောက်ခဲ့ပါသည်။

         အခမ်းအနားတွင် ဗိုလ်မှူးကြီး အောင်လွင်မှ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ၊PDF အကြမ်းဖက်များ၏လူသတ်၊အကြမ်းဖက်လှုပ်ရှားမှုများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အလင်းဝင်လာသူများကို ဥပဒေဘောင်အတွင်းမှ နေထိုင်လုပ်ကိုင်ကြရန်၊ ပြစ်မှုကျူးလွန်ဖောက်ဖျက်ခြင်း မပြုကြရန် ဆုံးမဩဝါဒစကားများ ပြော​​ကြားခဲ့ပါသည်။

       ၎င်းနောက်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်း ဆင်း အလင်းဝင်ရောက်သူ ကျား ၈ ဦး၊ မ ၁ ဦးတို့ကို နောက်နောင်တွင် ပြစ်မှတ်တမ်ကျူလွန်ခြင်းမရှိစေရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ပြီး အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကာ မှတ်တမ်းဓာတ်ပုံများ၊ ၎င်းနောက် အလင်းဝင်သူတို့အား မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN