စစ်ကိုင်းမြို့ လူမှုဖူလုံရေးရုံးရှေ့ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိ

စက်တင်ဘာ ၂၈

      စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြဝတီရပ်ကွက်၊ ဈေးကုန်းရပ်မှာရှိ လူမှုဖူလုံရေးရုံးရှေ့တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပေါက် ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

       ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် အပြစ်မဲ့ပြည်သူများဖြစ်ကြသော ဒေါ်နွယ်နီလှ၊ ၄၀နှစ်နှင့် ဒေါ်ရီမိုး၊ ၅၀နှစ် တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ထိခိုက်ဒဏ်ရာရသွားသူ ၂ ဦးကို စစ်ကိုင်းဆေးရုံတွင် ဆေးကုသမူခံယူလျှက်ရှိကြောင်း သိရှိရပါသည်။

         ” အကြမ်းဖက် PDF တွေ က မြို့ပေါ်မှာ ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နေကြတာကို မလိုလားဘူး၊ ပြည်သူတွေက အထိတ်တလန်နဲ့နေ နေကြရတာကို ဖြစ်စေချင်တော့ အရပ်သားတွေကို ပစ်မှတ်ထားပြီး ဖောက်ခွဲတာဘဲ ” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ဆိုပါသည်။

       အလားတူ ဇူလိုင်လ ၂၈ ရက်နေ ညနေ ၄ နာရီခွဲအချိန်ခန့်ကလည်း စစ်ကိုင်းမြို့နယ်၊ လူမှု ဖူလုံရေးရုံးဝန်းထမ်းများ ရုံးဆင်းချိန် ရုံးအရှေ့တွင် ရပ်ထားသော ဆိုင်ကယ်အနားမှ ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သေးကြောင်း အဆိုပါမြို့ခံထံမှ သိရှိရပါသည်။

#PAN