စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် သတင်းအရ တပ်မတော်စစ်ကြောင်းများနှင့် နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ လက်နက်ခဲယမ်းအချို့နှင့်အတူ အကြမ်းဖက်သမား ၃ ဦး အသေဖမ်းဆီးရမိ

စက်တင်ဘာ ၂၈

        စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ၊ချောင်းဆုံရွာ အနောက်မြောက်ဖက်တွင် အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များ ရောက်ရှိနေကြောင်း ဒေသခံပြည်သူများ၏ သတင်း ပေးပို့လာသဖြင့် တပ်မတော်စစ်ကြောင်းက စက်တင် ဘာလ ၂၆ ရက်နေ့က သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်အင်အား ၂၀ ခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

         တိုက်ပွဲတွင် အကြမ်းဖက်သောင်းကျန်းသူများ အထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြရကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၂ လောင်း၊ သေနတ် ၂ လက်၊ ကျည်အိမ်- ၃ခု၊ ကျည်- ၁၈တောင့်၊လက်ပစ်ဗုံး- ၁လုံး၊ ၄၀ မမဗုံးသီး ၃ လုံး၊ မိုင်းဆက်စပ်ပစ္စည်း၊ ယူနီဖောင်းနှင့် ကျောပိုးအိတ်များ သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။

         အလားတူ ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ကလေးမြို့နယ်၊ ကြံသာကျေးရွာအနီးတွင် အကြမ်း ဖက်သမား PDF များ ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်း လင်းရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ လက်လုပ်စိန်ပြောင်း  ၁ လက်၊ လက်လုပ်မိုင်း ၁၅ လုံး၊ စကားပြောစက် ၁ လုံး တို့နှင့်အတူ အကြမ်း ဖက် PDF ၁ ဦးကို တပ်မတော်စစ်ကြောင်းက အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

(ဖြစ်စဥ်ဒေသများတွင် Internet အခက်အခဲကြောင့် ဓါတ်ပုံဖော်ပြနိုင်ခြင်းမရှိကြောင်း အသိပေးအပ်အာသည်။)

#PAN