ဂျပန်နိုင်ငံ၏ အမြင့်မားဆုံးအဆောက်အအုံ ဖြစ် လာမည့် Torch Tower မိုးမျှော်တိုက် စတင်တည်ဆောက်

စက်တင်ဘာ ၂၈

      ဂျပန်နိုင်ငံတိုကျိုမြို့၌ နိုင်ငံ၏အမြင့်မားဆုံးအဆောက်အအုံ ဖြစ်လာမည့် ၃၈၅ မီတာ မြင့်မား သော Torch Tower မိုးမျှော်တိုက်တစ်လုံးကို စတင် တည်ဆောက်လျက်ရှိကြောင်း ယနေ့
သတင်းများအရ သိရသည်။

         အဆိုပါမိုးမျှော်တိုက်သည် ၂၀၂၈ ခုနှစ် တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး ဂျပန်နိုင်ငံ ၏ အထင် ကရနေရာ တစ်ခုဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရသည်။ ဆောက်လုပ်ရေးကုမ္ပဏီ Mitsu-bishi Estate သည် Torch Tower မိုးမျှော်တိုက်၏ ဆောက်လုပ်ရေးလုပ် ငန်းခွင်နေရာ၌ အုတ်မြစ်ချသည့် အခမ်းအနားကို ယနေ့ကျင်းပခဲ့သည်။

        Torch Tower မိုးမျှော်တိုက်ကို နိုင်ငံ၏ အမြင့်ဆုံး မိုးမျှော်တိုက်အဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး နိုင်ငံ၏ဆွဲဆောင်မှုအရှိဆုံးအဆောက်အအုံအဖြစ်လည်း ဖန်တီးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်ဒါရိုက်တာ နာကာဂျီမာ အော်ဆူရှီကပြောကြားသည်။

        Torch Tower မိုးမျှော်တိုက်သည် မြေပြင် အထက် ၆၂ ထပ်နှင့် မြေအောက်ထပ်တွင် လေးထပ်ပါဝင်မည်ဖြစ်သည်။ အလုပ်သမား ၂၀ဝဝဝ အတွက် ရုံးခန်း နေရာအပြင် လူနေအိမ်များ၊ ဇိမ်ခံဟိုတယ်တစ်ခုနှင့် လူ ၂၀၀၀ ဆံ့ ခန်းမတစ်ခုတို့ ပါဝင်မည်ဖြစ် သည်။

       Torch Tower သည် တိုကျိုဘူတာရုံအနီးတစ်ဝိုက် ပြန်လည်တည်ဆောက်ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အလားတူ ရုံးခန်းများနှင့် စီးပွား ရေးဆိုင်ရာ အဆောက်အအုံများပါရှိသော ၄၅ ထပ် အဆောက်အအုံတစ်ခုကိုလည်း မတ်လတွင်ဖွင့်လှစ်ခဲ့သည်။ နိုင်ငံအတွင်း အခြားတည်ဆောက်ရေး စီမံကိန်းများကို လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source; NHK

#PAN