ကော့ကရိတ်မြို့၊အမှတ်(၇)ရပ်ကွက်ရှိ ကော့ကရိတ်ခရိုင်/မြို့နယ် လဝကရုံးအား အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့

စက်တင်ဘာ ၂၈

     ယမန်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ် ကွက်၊ ဗောဓိကျောင်းလမ်းရှိ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး အဆောက်အဦကို အကြမ်းဖက်သောင်း ကျန်းသူ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆောက်အဦမှာ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရပါသည်။

      ဖြစ်စဥ်မှာ လဝက ရုံးဝန်းအတွင်း နေထိုင်သည့် ဦးကောင်းမင်းထက်၊ ၃၀ နှစ်၊ (ဘ)ဦးမင်းနိုင်၊ဗမာ/ဗုဒ္ဓသည် ညအိပ်ရုံးအစောင့်ဝန်းထမ်းတာဝန်ထမ်းဆောင်လျက်ရှိစဉ် ရုံးဝန်းအတွင်းသို့ အကြမ်းဖက်သောင်း ကျန်းသူ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့မှ အင်အား ၃ ဦးခန့်သည် အရပ်ဝတ်/လက်နက်ငယ်ကိုယ်စီဖြင့် လဝကရုံး ၏ မြောက်ဘက်မှ ဝင်ရောက် လာခဲ့ပြီး လဝကရုံးအဆောက်အဦကို မီးရှို့၍ မြောက်ဘက်သို့ ပြန် လည်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

        လဝကရုံးအဆောက်အဦ မီးလောင်ကျွမ်းမှုအား အချိန်မီ မီးငြိမ်းသတ်နိုင်ရေး ကော့ကရိတ်
တပ်နယ်မှ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ကော့ကရိတ်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီးတို့ဖြင့် ယနေ့ နံနက် ၀၀ ၅၀ နာရီရောက်ရှိပြီး ပတ်ဝန်းကျင်ရှင်း လင်း၍ နံနက် ၁ နာရီ ၂၀ မိနစ်အချိန်မှစ၍ မီးငြိမ်းသတ် ဆောင်ရွက်ခဲ့ကြသည်။

       ကော့ကရိတ်ခရိုင်/မြို့နယ် လဝကရုံးအား အကြမ်းဖက်သောင်းကျန်းသူများက အဝေးမှ နှောင့် ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း မကြာခဏ ပြုလုပ်လျှက်ရှိနေသောကြောင့် နယ်မြေလုံခြုံရေးအခြေအနေအရ ရုံးအတွင်းရှိ အရေးကြီးစာရွက်/စာတမ်းများကို လုံခြုံသောနေရာသို့ ပြောင်းရွှေ့အပ်နှံထားရှိပြီးဖြစ်သဖြင့် ပျက်စီးဆုံးရှုံးခြင်းမရှိကြောင်း ကော့ကရိတ်မြို့နယ် လဝကရုံးမှ တာဝန် ရှိသူ တစ်ဦးထံမှ သိရပါသည်။

       အဆိုပါ မီးလောင်ကျွမ်းမှုမှာ ယနေ့ နံနက် ၂ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ ခရိုင်/မြို့နယ်လဝက ရုံးဝန်းအတွင်းရှိ အလျား ၉၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၅ ပေရှိ ပတ်လည်အုတ်စီ၊ သွပ်မိုး၊တစ်ထပ်အဆောက် အဦမှာ ၁၀၀ ရာခိုင်နှုန်းမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ပျက်စီးမှုကာလတန်ဖိုးအား စိစစ်ဆဲဖြစ် ကြောင်း သတင်းရရှိပါသည်။

#PAN