SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့်လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမည်


စက်တင်ဘာ၂၆
SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့်လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမည်ဟု ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၂၅ ရက်က အမိန့်ကြော်ငြာစာအမှတ်(၁၈/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်၌ SIM Card များအားမှတ်ပုံတင်ခြင်းမပြုဘဲ SIM Card အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ Points of Sales(POS)များ၊ မိုဘိုင်း Hand Set အရောင်းဆိုင်များအပြင် ဈေးများနှင့်လမ်းဘေးဆိုင်များနှင့် Online တို့တွင်ဆက်လက်ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရသည်။

#PAN