Oktoberfest ကိုပျော်ရွင်စွာဆင်နွဲနေတဲ့ ဘိုင်ယန်မြူးနစ်ကစားသမားများ

Photos: Twitter

စက်တင်ဘာ ၂၇
ဘွန်ဒက်လီဂါထိပ်တန်းအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ နှစ်စဉ်ကျင်းပနေကျ Oktoberfest ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံးဘီယာပွဲတော်ဖြစ်တဲ့ Oktoberfest ပွဲတော်ကို မြူးနစ်မြို့ မှာ စက်တင်ဘာလ ၂၄ ရက်နေ့က စတင်ကျင်းပနေခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့် တိုက်စစ်မှူးသစ် ဟယ်ရီကိန်း အပါအဝင် ဘိုင်ယန်အသင်းသားတွေဟာလည်း ဘာဗေးရီးယန်းစတိုင် ဝတ်ဆင်ပြီး ပွဲတော်ကို တက်ရောက်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။
နွေရာသီအပြောင်းအရွှေ့မှာမှ စပါးအသင်းကနေ ယူရို သန်း ၁၀၀ ကျော်နဲ့ ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းဟာ အသင်းသစ်ဘိုင်ယန်နဲ့ အလျင်အမြန် အခြေကျခဲ့ သလို စနေညက ဘိုချမ်အသင်းကို ၇ ဂိုး ပြတ် အနိုင်ရတဲ့ပွဲမှာ လည်း ဘိုင်ယန်ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်သွင်းဂိုးကို ရရှိခဲ့သူဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ လည်း ပွဲစဉ် ၅ ပွဲ ကစားအပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့တာကြောင့် အခုလို Oktoberfest ပွဲတော်မှာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ခဲ့တာဖြစ်ပါတယ်။