အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့ သူ များအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

စက်တင်ဘာ ၂၇

     အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူ များအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

       ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နေ ဒေါ်စန္ဒာဝင်းနှင့် ဒေါ်တင်ရီတို့က ရန်ကင်းမြို့နယ်နေ မ……. ၂၂/၂၀၂၀ နှစ်အား တရုတ်နိုင်ငံရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်ပါက စီးပွားရေး အဆင်ပြေသည်ဟု ပြောဆိုစည်းရုံးကာ တရုတ်အမျိုးသားထံ ယွမ်ငွေ ၁၁၀၀၀၀ ဖြင့် ရောင်း စား၍ ငွေကြေးအကျိုးအမြတ် ရယူခဲ့သဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၁၂၇၉/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ် ရေး ဥပဒေပုဒ်မ ၂၈(က) ဖြင့် အမှုရေးဖွင့်၍ ဒဂုံမြို့သစ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာ ၂၅ ရက်နေ့တွင် တရားခံ ဒေါ်စန္ဒာဝင်းနှင့် ဒေါ်တင်ရီတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

#PAN