“အမေရိကန်နိုင်ငံ Phildadelphia မြို့အတွင်း ရှိ စတိုးဆိုင်များအား အုပ်စုဖွဲ့ လုယက်မှုများ ဖြစ်ပွားခဲ့ရပြီး အဆ်ိုပါ လုယက်မှုများအတွင်း သေနတ်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့”

စက်တင်ဘာ ၂၇

အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ် Philadelphia မြို့အတွင်း စတိုးဆိုင်များ အား လုယက်သူများက်ို ဖမ်းဆီးနိုင်ရန် ဒေသခံအာဏာပိုင် ရဲများက ရုန်းကန်ကြိုးပမ်း နေချိန်မှာ Footlockerစတိုးတိုင်များ ၊ Apple ဖုန်းဆိုင်များ နှင့် Lululemon စတိုးဆိုင်များမှ ကုန်ပစ္စည်းတွေကို လက်များ တွင် အပြည့်ကိုင်ဆောင်ထားပြီး ခိုးယူလုယက်ခဲ့ကြသူများက ပြေးနေတဲ့ သတင်း ဗီဒိီယို မှတ်တမ်းများ Social Media များပေါ် တွင် ပျံ့နှံ့ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ Philadephia မြို့လယ်ရှိ Walnut လမ်းမကြီး တွင် အထည်ဆိုင် အပြင်ဘက် လူသွားစင်္ကြံတွင် စက်ဘီးများနှင့် ကုန်ပစ္စည်းအမြောက်အမြား စုပုံ ခိုးယူနေ ကြသည်ကိုလည်း ဗီဒီယို သတင်းမှတ်တမ်း တစ်ခုတွင် ဖော်ပြ​ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံတွင် အရွယ်မရောက်သေးသူ ၁၀၀ ခန့်ရှိသော လူအုပ်ကြီးသည် စတိုးဆိုင်များ ခိုးယူလုယက်မှုများ ပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကလည်း လူ ၁၅ယောက် မှ လူ အယောက်၂၀ အထိ ဖမ်းဆီးနိုင်ခဲ့ပြီး သေနတ် ၂လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် အဆိုပါ မြို့လယ်ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှုများ အတွင်း သေနတ်ပစ်ခတ်မှုများလည်း အများအပြား ဖြစ်ပွားခဲ့ကြောင်းလည်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပြီး သူခိုးများ နှင့် လုယက်သူများ က အနီးနားရှိ Foot Locker စတိုးနှင့် Apple Store နှင့် ဖိနပ်ဆိုင်တို့ ရှိ လုံခြုံရေးအစောင့်များကို ရိုက်နှက်ခဲ့ကြကြောင်း CBS သတင်းက ယနေ့ စက်တင်ဘာ ၂၇ရက်နေ့တွင် ဖော်ပြ​ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *