လားရှိုးက Denko ဆီဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ၁ ဦးသေဆုံး၊ ကား နှစ်စီးမီးလောင်

စက်တင်ဘာ ၂၇

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုး မှ သီပေါသို့ အထွက်ပြည်ထောင်စုလမ်းမကြီးဘေးရှိ Denko ဆီဆိုင်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး  မီးလောင်ခဲ့ကြောင်း သိရှိရပါသည်။

       လားရှိုးမြို့အထွက် ခိုဆန်တန်ကျေးရွာအနီးမှာတည်ရှိသည့် DENKO စက်သုံးဆီ အရောင်းဆိုင်တွင် ယနေ့ ညနေ ၅ နာရီအချိန်ခန့်က ပေါက် ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်သည်ဟု ဒေသခံတစ်ဦးကဆိုသည်။  

       ဖြစ်စဥ်မှာ ဆီလာဖြည့်သော ဆိုင်ကယ်မှတဆင့်ပေါက်ကွဲမှု့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး လာရောက်ဖြည့်သည့် သစ္စာဟိန်း ခရီးသည်တင်ယာဉ်နှင့် Mni Truck ကားတစ်စီးတို့မှာ မီးလောင်ကျွမ်းသွားခဲ့ပြီး လိုက်ပါလာသည့် ခရီးသည် (စိစစ်ဆဲ)တို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရသည်။

      လက်ရှိအချိန်တွင် ဒဏ်ရာရသူ ကျား ၇ ဦးနှင့် မ ၄ ဦးတို့အား လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ဆေးကုသပေးလျှက်ရှိပြီး သေဆုံး ကျား ၁ ဦး ရှိကြောင်းသတင်းရရှိပါသည်။   

#PAN