“ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် အတွက် လက်တုံ့ပြန်သော အနေဖြင့် ဗြိတိန် လူမျိုး ၂၃ဦးအား ဒဏ်ခတ် ပိတ်ဆို့ မှုများပြုလုပ်ခဲ့”

စက်တင်ဘာ ၂၇

ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဗြိတိန်နိုင်ငံအား လက်တုံ့ပြန်သော ဒဏ်ခတ်ပိတ်ဆို့မှု အဖြစ် ဗြိတိန် လူမျိုး လူ ၂၃ ဦးပါဝင်သော လူစာရင်းအား ဒဏ်ခတ် ပိတ်ဆို့အရေးယူ မှုများ ထပ်မံတိုးချဲ့ ပြုလုပ် လိုက်ကြောင်း ယနေ့ စက်တင်ဘာ ၂၇ရက်နေ့တွင် သတင်း ထုတ်ပြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။

ရုရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အမည်စာရင်းတွင် ဗြိတိန်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် Tony Radakin၊ ဗြိတိန်ထောက်လှမ်းရေးကော်မတီ အကြီးအကဲ Madeleine Alessandri နှင့် ရုရှားနိုင်ငံအား တိုက်ခိုက်ရာတွင် အသုံးပြုသည့် သတင်း အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာမှုတွင် ပါဝင်သည့် နိုင်ငံရေးသိပ္ပံပညာရှင် အများအပြားကို စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ရုရှား နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် များကိုပါ ပိတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံအပေါ် လက်တုံ့ ပြန် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့သည့် ဗြိတိန် လူမျိုး ၂၃ ဦးကို စာရင်း၏ အသေးစိတ် အချက်အလက်များမှာ ဗြိတိန်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် Tony Radakin ဗြိတိန်နယ်မြေရှိ ယူကရိန်း တပ်ဖွဲ့များ ၏လေ့ကျင့်မှုကို ကြီးကြပ် ကွပ်ကဲသည့် ပူးတွဲထောက် လှမ်းရေးဥက္ကဋ္ဌ၊ ဗြိတိသျှ အစိုးရလက်အောက်ရှိ ကော်မတီဝင်၊ ကာကွယ်ရေးကုမ္ပဏီ BAE Systems Cressida Hogg ၏ ဒါရိုက်တာ ဘုတ် အဖွဲ့ဥက္ကဋ္ဌလည်း ဖြစ်သည့် Madeleine Alessandri ၊ Royal United Services Institute (Justin Bronk၊ Sidharth Kaushal၊ Nick Reynolds)၊ Henry Jackson Foundation (Alan Mendoza) ကဲ့သို့သော ရုရှားတို့အား တိုက်ခိုက်ရန်အတွက် အချက်အလက်စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုများ တွင် ပါဝင်သည့် ဗြိတိန်နိုင်ငံရေး သိပ္ပံစင်တာများ၏ ဝန်ထမ်းများ လည်း ပါဝင်နေတာဖြစ်ပါတယ်လို့ သတင်း ဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *