“မြောက်ကိုရီးယားဆိုင်ရာ အထူး သံအမတ် ကြီးက ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အထွေအထွေ ညီလာခံကြီး၏ နောက် ဆုံးကျင်းပသည့်နေ့ တွင် ​၎င်းတို့နိုင်ငံအနေဖြင့် ကာကွယ်ရေး စွမ်းရည်များကို အရှိန်မြှင့်တင်မှုများ ပိုမို ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့”

စက်တင်ဘာ ၂၇

မြောက်ကိုရီးယားနိုင်ငံ အစိုးရက အမေရိကန် နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ တို့သည် ကိုရီးယား ကျွန်းဆွယ်ဒေသ နှင့် မြောက်ကိုရီးယား နိုင်ငံတို့ကို ဆိုးရွားသော ပဋိပက္ခ၏ အစွန်းသ်ို့ ပြိုကွဲအောင် တွန်းပို့နေကြောင်း ပြောကြားခဲ့ပြီး မိမိတို့နိုင်ငံအား မိမိတို့ ကာကွယ်နိုင်ရေး စွမ်းရည်များ ကို အရှိန်မြှင့်ရန်မှတပါး ရွေးချယ်စရာ မရှိကြောင်း မြောက်ကိုရီးယား၏ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးတွင် ကမ္ဘာ့နိုင်ငံခေါင်း ဆောင်များကို ပြောကြားခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယား၏ ကုလသမဂ္ဂဆိုင်ရာ အထူး သံအမတ်ကြီး Kim Song က “ကိုရီးယား ကျွန်းဆွယ်ဒေသဟာ နျူကလီးယား စစ်ပွဲ ဖြစ်ပွားလာနိုင်မည့် အန္တရာယ်နဲ့ ကြုံလာရတဲ့ အခြေ အနေမှာ ရှိနေပါတယ်” လို့ ​ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက် အင်္ဂါနေ့က ပြုလုပ်ကျင်းပ ခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂဆိုင်ရာ အထွေထွေ ညီလာခံ အစည်းအဝေး ကြီးတွင် ပြောကြား ခဲ့တာဖြစ်ပါတယ်။

ထို့နောက် မြောက်ကိုရီးယား အထူးသံအမတ်ကြီးက ​“၂၀၂၃ ခုနှစ်ဟာ ကိုရီးယား ကျွန်းဆွယ်ဒေသအတွက် အလွန် အန္တရာယ် များတဲ့နှစ်အဖြစ် မှတ်တမ်း တင်ထားပါတယ်” လို့ သံအမတ်ကြီး Kim Song က နှစ်စဉ်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ခေါင်းဆောင်များ စည်းဝေးပွဲကြီး၏ နောက်ဆုံးနေ့တွင် ထပ်လောင်း ပြောကြားခဲ့ တာဖြစ်ပါတယ်လို့ သတင်းဌာများက ဖော်ပြပြောဆ်ိုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *