ဖိလစ်ပိုင်က AI သတင်းကြေညာသူကို စတင်အသုံးပြု

စက်တင်ဘာ ၂၇

     ဖိလစ်ပိုင်နိုင်ငံရှိ အကြီးဆုံးရုပ်သံလိုင်းတစ်ခုဖြစ်သော GMA Integrated News က ၎င်းတို့၏ အားကစား သတင်းထုတ်လွှင့်မှုတွင် AI သတင်းကြေ ညာသူကို ပထမဆုံးစတင် အသုံးပြုလိုက်ကြောင်း သိရသည်။

        ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကျော်အနုပညာရှင်များနှင့် အားကစားသတင်းတင်ဆက်သူများ၏ ရုပ်ပုံများကို ရောနှောပေါင်းစပ်ထားသည့် မိုင်ယာနှင့် မာကို အမည်ရှိ AI သတင်းကြေညာသူကို စက္ကန့် ၄၀ ကြာမြင့်သည့် အားကစားသတင်းကြေညာမှုတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

        ယခုကဲ့သို့ AI သတင်းကြေညာသူများကို အသုံးပြုခြင်းသည် သတင်းပိုင်းဆိုင်ရာ နယ်ပယ်တွင် ဆန်းသစ် တီထွင်မှုများ လုပ်ဆောင်သွားမည်ဟူသော ၎င်းတို့ပေးထားသည့် ကတိကို ဖြည့် ဆည်းပေးခြင်းဖြစ်ကြောင်း သတင်းဌာနမှ အကြီးတန်း ဒုတိယဥက္ကဌ အိုလီဗာဗစ်တာအာမိုရိုဆို က ပြောသည်။

        အဆိုပါဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍  အလုံး စုံအကောင်းမြင်သူရှိသော်လည်း ဝေဖန်သူများလည်းရှိသည်။ အထူးသဖြင့် AI သတင်း ကြေညာသူများသည် မျက်နှာသေနှင့်ဖြစ်နေပြီး အသက်ပါခြင်းမရှိသော ကြောင့် အားကစားသတင်းများကဲ့သို့ စိတ်လှုပ်ရှားရသည့် သတင်း များမှာ ၎င်းတို့ကြေညာသည်နှင့် စိတ်လှုပ်ရှားမှုမရှိတော့ကြောင်း ဝေဖန်ထားခြင်းဖြစ်သည်။

#PAN