ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅၅ သန်း သိမ်းဆည်းရမိ

စက်တင်ဘာ ၂၇

     မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅၅ သန်း
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

       ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက် တင်ဘာ ၂၁ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ နယ် ထုံးဘို – မြစ်ငယ်ကားလမ်းထုံးဘိုတိုးဂိတ်အနီးတွင်သီပေါမှ မန္တလေးသို့ စိုင်းထင်လင်း မောင်းနှင်ပြီး ထိန်ဝင်း လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ကို သတင်းအရ ရှာဖွေရာဒေသကာလ တန်ဖိုးငွေကျပ်၁၈ဒသမ၈ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂ ဒသမ ၅၅ သန်း သိမ်း ဆည်းရမိခဲ့သည်။

         စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခိုင်းသူ ဂေါ်လီ (ခ)ကျော်ကြီး(ခ)ကျော်စိန်မြင့် အပါအဝင် စိုင်းထင်လင်းနှင့် ထိန်ဝင်းတို့ကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ သိရသည်။

#PAN