“တောင်ကိုရီးယားနိုင်ငံသည် ၎င်းတို့စစ်တပ် တည်ထောင်ခြင်း ၇၅နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ်ချီတတ်လမ်းလျှောက်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ကြပြီး တောင်ကိုရီးယား လုပ်ငန်းစုကြီးများက ထုတ်လုပ်ထားသည့် စစ်လက်နက် အများအပြား ပါဝင်ပြသခဲ့”

စက်တင်ဘာ ၂၇

တောင်ကိုရီးယားနိုင်ငံက ၎င်းတို့နိုင်ငံ၏ စစ်တပ် တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် နေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက် အင်္ဂါနေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကြီး၏ လမ်းမများပေါ်တွင် တောင်ကိုးရီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင် ချီတက် ဂုဏ်ပြုခဲ့ကြပါတယ်။

ထို့နောက် ချီတက်လာသည့် တပ်ဖွဲ့ဝင်များသည် ကုန်းရေနှစ်သွယ် ချေမှုန်းရေး ယာဉ်များ နှင့် K1A2 အမျိုးအစား တင့်ကားများ အပါအဝင် စစ်လက်နက် အကြီးစား ၁၇၀ကျော် နှင့်အတူ အရှည် ၁ မိုင်ခွဲခန့် ရှိသော ဂုဏ်ပြု စစ်ကြောင်းကြီး သည် လမ်းတစ်ဖက် တစ်ချက်စီတွင် တန်းစီလမ်းလျှောက် ချီတတ်ဂုဏ်ပြုခဲ့ကြပါတယ်။

အဆိုပါ ၇၅နှစ်မြောက် တောင်ကိုရီးယား စစ်တပ် တည်ထောင်ခြင်းနေ့တွင် တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ၎င်းတို့၏အစိုးရသည် နိုင်ငံ၏ ကာကွယ်ရေး လုပ်ငန်းများကို နှစ်ဆတိုးလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် တောင်ကိုရီးယား သမ္မတက မြောက်ကိုရီယားတို့ အနေဖြင့် နျူကလီးယား လက်နက်များထပ်မံလွှတ်တင်ခြင်းများပြုလုပ်ပါက ပြင်းထန်သောတုံ့ပြန်မှုဖြင့် အဆုံးသတ်သွားရ မည်ဖြစ်ကြောင်း ထပ်လောင်း သတိပေးပြော ကြားခဲ့ပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုခဲ့ကြပါတယ်။

တောင်ကိုရီးယား နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက် အင်္ဂါနေ့က ဆိုးလ်မြို့တွင် ကြီးမားသော စစ်ရေးပြချီတက်ပွဲကို ကျင်းပခဲ့ပြီး ပင်မတိုက်ပွဲဝင်တင့်ကားများ၊ ကုန်းရေနှစ်သွယ် ချေမှုန်းရေးယာဉ်များ၊ ဒရုန်းများ၊ ဒုံးကျည်များနှင့် လေကြောင်း ရန်ကာကွယ် ရေးစနစ်များ အပါအဝင် ဆိုးလ်မြို့၏ လမ်းမများပေါ်တွင် တပ်ဖွဲ့ဝင် ၆၀၀၀ ကျော် ခန့်နှင့် စစ်လက်နက်ပစ္စည်း ၂၀၀ ခန့် နီးပါး ချီတက်ကာ အဆိုပါ စစ်လက်နက် အများအပြား ကို တောင်ကိုးရီးယား လုပ်ငန်းစုကြီးများက ထုတ်လုပ်ခဲ့တာ လည်းဖြစ်ပါတယ်လို့ သတင်းဌာနများက ထပ်လောင်း ပြောကြားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *