တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

စက်တင်ဘာ ၂၇

     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ စက်တင်ဘာ ၂၂ ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန် ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Painted Aluminium Profile For Window ၂၀၀၀ ကီလိုဂရမ်၊ 65% Polyester 35% Cotton Knitted Fabric. ၃၁၀၀ မီတာ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၈၀၁၁၈၂)ကိုလည်း ကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ သထုံမှ ပဲခူးသို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Prawn Hornet စားအုန်းဆီ ၇၇၄ လီတာ (ခန့်မှန်းတန် ဖိုးငွေကျပ် ၂၁၅၀၀၀၀)၊ အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Toyota Hilux တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀)နှင့် မြဝတီမှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေ ညာလွှာတွင် ကြေညာထားခြင်းမရှိသည့် SCGC LLDPE Polyethylene Compound ၃၂၅၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MAN Tractor Headတစ်စီးနှင့်နောက်တွဲယာဉ်တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များ အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Huang Helou စီးကရက် ၂၅ တောင့်၊ iPhone 15 Pro Max လေးလုံး၊ iPhone15 သုံးလုံးအပါအဝင်ကုန် ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၇၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့် မှန်းတန်ဖိုးငွေကျပ် ၂၁၂၁၅၁၁၈၂ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် စက်တင်ဘာ ၂၃ ရက်တွင် မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ ထုံးဘိုတိုးဂိတ်အနီး၌ ရန်ကုန်မှ မန္တလေးသို့ မောင်းနှင် လာသောယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Hatari နံရံကပ်ပန်ကာ ၁၅ လုံးအပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၀၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀၀၀)၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၁၀၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

        ထို့ပြင် စက်တင်ဘာ ၂၃ ရက်တွင် တနင်္သာ ရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ တော်ဝင်(စစ်ဆေးရေး)တံတား ၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲနေသည့် Chemical Compound Salicylic Acid ၁၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

       ထို့တူ စက်တင်ဘာ ၂၃ ရက်တွင် ကရင်ပြည် နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင် ပြနိုင်ခြင်းမရှိသည့် အမျိုးသမီးဝတ်ဂါဝန်အင်္ကျီအထည် ၅၀၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

         ထို့ပြင် စက်တင်ဘာ ၂၃ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ် ၌ ယာဉ်တစ်စီးပေါ်မှ ပြန်လည်ပြုပြင်ထားသည့်ရေခဲသေတ္တာအဟောင်းရှစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Nissan UD Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်း ကောင်း၊ ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၆၈၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၅၀၆၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၀၁၅၀၆၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

        သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှု တွဲ ၁၈ မှု (ခန့် မှန်းတန်ဖိုး ငွေကျပ် ၂၉၁,၅၃၁,၂၄၂)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN