စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် အကြမ်းဖက်သမား PDF များ အခြေပြုခိုအောင်းနေကြောင်း သတင်းအရ လုံ ခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းလင်း၊လက်နက်ခဲယမ်းများနှင့် အကြမ်းဖက် သမား PDF ၂ ဦးကို အသေဖမ်းဆီးရမိ

စက်တင်ဘာ ၂၇

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မြိုင်စီကျေး ရွာအနီးဝန်းကျင်တွင် အကြမ်းဖက်သမား PDF များ အခြေပြုခိုအောင်းနေကြောင်း ဒေသခံရွာသားများက သတင်းပေးပို့လာရာ နယ်မြေလုံ ခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် သွားရောက် နယ်မြေရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များ ကိုယ် လွတ်ရုန်း ထွက်ပြေးသွားကြကြောင်း သိရသည်။

       အဆိုပါနေရာကို နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များ အခြေပြုနေထိုင်သော တဲ ၃ လုံး၊ ဆက်သွယ်ရေးမြောင်း ၁ ခု၊ ဆိုင်ကယ် ၂ စီးတို့ကို တွေ့ရှိရပြီး အဆိုပါတဲများအတွင်းမှ အမ်-၁၆ ကျည်အိမ် ၁ ခု၊ ကျည်ကာဦးထုပ် ၁ လုံး၊ ၉မမကျည် ၁၁ တောင့်၊အမ်-၂၂ ကျည်အိမ် ၄ ခု၊ ၁၂ ဗို့ကျည် ၁၄ တောင့်၊တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံး၊ စနိုက်ပါမှန် ပြောင်း ၁ ခု၊ စနိုက်ပါကျည် ၂ တောင့်၊ အိုင်ကွန် ၃ လုံး၊ အားသွင်းခုံ ၄ ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

        အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်သာယာကျေးရွာအနီးတွင် နယ် မြေလုံခြုံရေးတပ်ဖွဲ့များက သတင်းအရ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင်  သွားရောက်ရှင်း လင်းရာ  အကြမ်းဖက်သမား PDF များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် PDF များ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးသွားကြရကြောင်း သိရပါသည်။

      အဆိုပါ ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် သမား PDF ၂ ဦးကို KA သေနတ် ၂ လက်၊ ကျည် ၂၅ တောင့် တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

        ဒေသခံပြည်သူများသည် ယခင်အေးချမ်းစဥ်ကာလအတိုင်း နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အစွန်းရောက်အကြမ်းဖက်ဝါဒကို အချိန်ကြာလာသည်နှင့်အမျှ ထောက်ခံအားပေးခြင်းမရှိတော့ဘဲ ၎င်းတို့၏ သတင်းများကို နီးစပ်ရာလုံခြုံရေးအဖွဲ့၊ နယ်မြေခံတပ်မတော် တပ်ရင်း/တပ်ဖွဲ့များသို့ ယခုလို လျှို့ဝှက် သတင်း ပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်လာကြကြောင်း သိရပါသည်။

(Internet လိုင်း အခက်အခဲကြောင့် အချို့ဓာတ်ပုံများကို ဖော်ပြနိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါ သည်။)

#PAN