ချောင်းဦးမြို့နယ်နှင့် မြောင်မြို့နယ်အတွင်း နယ် မြေလုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှ လက်နက်ခဲယမ်းများနှင့် ဆက် စပ်ပစ္စည်းများနှင့်အတူ အကြမ်းဖက် PDF  ၆ ဦးကို အသေဖမ်းဆီးရမိ

စက်တင်ဘာ ၂၇

       စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မကျီးခွကျေးရွာအနီးတွင် အကြမ်းဖက် PDF များ စခန်းချအခြေပြုနေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးအဖွဲ့များက ယမန်နေ့တွင် သွား ရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် PDF များ ကစဥ်ကလျား ကိုယ်လွတ်ရုန်း ထွက် ပြေးသွားကြရကြောင်း သိရပါသည်။

       အဆိုပါ အကြမ်းဖက် PDF များ စခန်းကိုသိမ်း ပိုက်ပြီးနောက် စခန်းအတွင်းရှင်းလင်းရာ လက်လုပ်သေနတ်- ၁၆ လက်၊ အေကေ- ၁ လက်၊ ကျည်အိမ်- ၁၁ ခု၊ ကျည်မျိုးစုံ- ၃၈၇တောင့်၊ လက်လုပ် ၄၀မမဗုံးသီး- ၃ လုံး၊ လက်လုပ်လက်ပစ်ဗုံး- ၁လုံး၊စိန်ပြောင်းဗုံးသီး- ၂၂လုံး၊ လက်လုပ် Drop Bomb ၄၉လုံး၊ ကျည်ကာအင်္ကျီ- ၅ထည်၊လမ်း လျှောက်စကားပြောစက်- ၄လုံး၊ လက်လုပ်ရီမု- ၁လုံး၊ Drone  ၇ စီး၊ Drone ပန်ကာ – ၁၅ ခု၊Drone camera- ၁၆ခု၊ Drone အားသွင်းကြိုး- ၈ခု၊ တွင်ခုံ- ၁ခု၊ ဆိုင်ကယ်- ၁ စီးတို့နှင့်အတူ အကြမ်းဖက် သမား PDF  ၅ ဦး ကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

     ထိုနည်းတူ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မြောင်မြို့နယ်၊ မကျီးကန်ရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သေနတ်လွယ်၍ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက် PDF တစ်ဦးကို ပစ်ခတ်ဖမ်းဆီးရာ အမ်-၂၂ သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁ တောင့်၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ အကြမ်းဖက် သမား PDF ၁ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       ယခုရက်ပိုင်းအတွင်း နယ်မြေလုံခြုံရေးတပ် ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျှက်ရှိပြီး အကြမ်းဖက်အဖွဲ့များမှာ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကာ ၎င်းတို့၏ လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေကြောင်း သိရပါသည်။

#PAN