“အိန္ဒိယအစိုးရက ရုရှား – မြောက်က်ိုရီးယား နှစ်နိုင်ငံ စစ်လက်နက်ဆိုင်ရာ သဘောတူညီ ချက်များ အား ဆန့်ကျင်သည့် အနေဖြင့် အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဂျပန်နိုင်ငံ တို့နှင့် ပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်ခဲ့ပြီး ရုရှား အစိုးရ၏ လုပ်ရပ်များအား ဆန့်ကျင်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့”

စက်တင်ဘာ ၂၆

ရုရှားနိုင်ငံ သို့ မကြာသေးမှိီ အချိန်က သွားရောက် လည်ပတ်မှုများ ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် Kim Jong Un ၏ ရှားရှားပါးပါး တစ်ပတ်ကြာ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံမှု များအား ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်နိုင်ငံ ၊ သြစတြေးလျနိုင်ငံ နှင့် ဂျပန်တို့ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အိန္ဒိယက လုပ်ဆောင်ခဲ့ကြောင်း သတင်းဌာန များကပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်နေ့တွင် ဖော်ပြပြော ဆိုထားကြပါတယ်။

ရုရှားနိုင်ငံ နှင့် မြောက်ကိုရီယားနိုင်ငံတို့အကြား လက်နက်ဆိုင်ရာ သဘောတူညီချက်များကို ဆန့်ကျင်သည့် အနေဖြင့် အိန္ဒိယနိုင်ငံက ရုရှားတို့ကို တွန်းအားပေးမှုများ ပြုလုပ်နိုင်ရန် အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ နှင့် ဂျပန်နိုငံတို့ ဖြင့် ပူးပေါင်းထားပြီး အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သော မဟာမိတ်လေးနိုင်ငံဖြစ်သည့် Quad အဖွဲ့ကြီး မှ နိုင်ငံခြားရေး ၀န်ကြီးများ က မြောက်ကိုရီး ယားတို့ထံ နျူးကလီးယား လက်နက်များ လွှဲပြောင်းပေး ခြင်းကို တားမြစ်သည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာကြရန် Quad အဖွဲ့ဝင်နိုင်ငံအားလုံးက ရုရှားအစိုးရ သို့ သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

ယူကရိန်းတို့ အပေါ် စစ်ရေးအရ ကျူးကျော် ရန်စမှုအတွက် ရုရှားကို ရှုတ်ချတဲ့ စကားလုံးများ မပါဝင်ခဲ့သော G20 ဆိုင်ရာ ထိပ်သီး အစည်းအဝေး ဒေလီ(အိန္ဒိယ) ၏ကြေညာ ချက်ကို အနောက်အုပ်စုက လက်ခံဖို့ ဆွဲဆောင် ဟောပြောခဲ့ ပြီးနောက် အိန္ဒိယ အစိုးရ သည် ရုရှားတို့ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ နှင့် လက်နက်လွှဲ ပြောင်းရေး သဘောတူညီချက်များ ကို ချုပ်ကိုင်မထားဖို့ရန် အတွက် အိန္ဒိယ အစိုးရက တိတ်တဆိတ် တောင်းဆိုနိုင်ရန် အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျတို့နဲ့ ပူးပေါင်းခဲ့တာလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *