“အမေရိကန် အစိုးရအနေဖြင့် လာမည့် အောက်တိုဘာလ ၁ရက်နေ့အစောပ်ိုင်း အချိန်တွင် ယူကရိန်းနိုင်ငံ အား ထောက်ပံ့ ပေးပို့နေမှုများ ရပ်တန့်သွား နိုင်ဖွယ်ရှိနေ”

စက်တင်ဘာ ၂၆

အမေရိကန် အစိုးရ အနေဖြင့် ကိယက်ဗ် (ယူကရိန်း) အစိုးရအတွက် စစ်ရေး ထောက်ပံ့မှု ရံပုံငွေများ ကုန်သွားပြီဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်က ကြေညာခဲ့တာဖြစ်ပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်မှ ထပ်လောင်းရန်ပုံငွေကို အတည်ပြုမပေးပါက ယူကရိန်း သမ္မတ Zelensky အနေဖြင့် စစ်ရေးထောက်ပံ့မှုဆိုင်ရာများမှ ပိုက်ဆံ ရရှိတော့မည် မဟုတ်ကြောင်း ထုန်ပြန်ကြေညာ ခဲ့တာလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ ယူကရိန်းတို့အတွက် ရန်ပုံ ငွေနည်းနည်း ရှိနေသေး တာကြောင့် လာမယ့် ရက် သတ္တပတ်အနည်း ငယ်လောက်ထိတော့ အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့တာ ထပ်မံဖြည့်စွက် တောင်းဆိုချက်တွေမပါဝင်ပါဘူး။ အဲ့ဒါကြောင့် ယူကရိန်းတို့အား ပံ့ပိုးကူညီနိုင်မှုအပေါ် လုံးဝသက်ရောက်မှုရှိလာမှာပါ။ ယူကရိန်းတို့ အနေဖြင့်လည်း ဆောင်းဦး နှင့် ဆောင်းရာသီကို ရောက်လာတော့မှာဖြစ်တယ်”လို့ အမေရိကန် အိမ်ဖြူတော်ရှိ အမျိုးသား လုံခြုံရေးကောင် စီမဟာဗျူဟာမြောက် ဆက်သွယ်ရေး ညှိနှိုင်းရေးမှူး John Kirby က CNN သတင်းဌာန သို့ ပြောကြားခဲ့ကြောင်း သတင်းဌာန များက ယနေ့ စက်တင်ဘာ ၂၆ရက် နေ့တွင်ဖော်ပြပြောဆိုထားကြပါတယ်။

ထို့နောက် သတင်းဌာနများက လည်း လာမည့် အောက်တိုဘာလ ၁ ရက်နေ့ အစောပိုင်းတွင် အမေရိကန် အစိုးရ အ​နေဖြင့် ယူကရိန်းတို့ အား ထောက်ပံ့ပေးပို့နေမှုများကို ပိတ်သိမ်းရန် ဖြစ်နိုင် ချေရှိနေကြောင်းလည်း ဖော်ပြပြော ဆိုထား ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *