စက်တက်ဘာ ၂၆
ယူကရိန်းစစ်တပ်အား ယခုသီတင်းပတ်အစော ပိုင်း အချိန်တွင် ATACMS နည်းဗျူဟာ မြောက် ဒုံးကျည်များ cluster ထိပ်ဖူးများ ပေးအပ်သွားရန် ရှိမရှိ ကိစ္စရပ်အား အမေရိကန် အစိုးရက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ကြေညာ ဖွယ်သွားရှိနေပါတယ်။
ယခင်က ယူကရိန်းတပ်မတော်၏ စစ်ဦးစီး ချုပ်၏ အထူးလက်ထောက်ရာထူးကို ထမ်း ဆောင်ခဲ့သည့် Dan Rice က Newsweek မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းမှုများ အထက်ပါ အတိုင်း ပြောကြားခဲ့တာဖြစ်ပြီး ယခုအခါ ၎င်းသည် ကိယက်ဗ်(ယူကရိန်း) ရှိ အမေရိကန် တက္ကသိုလ်၏ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
“HIMARS cluster အစုလိုက်အပြုံလိုက် ပြစ်လွှတ်နိုင်သော ဒုံးကျည်များကို ယခုသီ တင်းပတ်အတွင်း ယူကရိန်း တို့အတွက် အမေရိကန်အစိုးရက အတည်ပြုနိုင် ဖွယ်ရှိပါတယ်” လို့ Rice က ယူကရိန်းသို့ လက်နက်များပို့ဆောင်မှုများကို အကောင် အထည်ဖော်ရမည့် အမေရိကန်အစိုးရ အသိုင်းအဝိုင်း နှင့် ရင်နှီးသူများ၏ စကားပြောဆိုမှုများကို ကိုးကားပြီး Rice က ပြောကြား ခဲ့တာဖြစ်ပါတယ်။
“ယခုအပတ်တွင် HIMARS DPICM ခွင့်ပြုချက်ကို ရယူခြင်းသည် ယူကရိန်း – ရုရှား စစ်ပွဲ၏ ဂိမ်းပြောင်းလဲသူ ဖြစ်လာနိုင်ပါတယ်။ လေ့ကျင့်ရေးများ မလိုအပ်ဘဲ၊ အဆိုပါ Cluster ဒုံးကျည်တွေသည် လာမည့် အပတ်တွင် ရုရှား – ယူကရိန်း စစ်မြေပြင်တွင် ပေါ်လာနိုင်ဖွယ်ရှိပြီး ကြီးမားသော စစ်ပွဲ ပြောင်းလဲ မှုများ ဖြစ်စေနိုင်ပါတယ်” လို့ Rice က ထပ်လောင်း ပြောကြားခဲ့ပါတယ်။