ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းက အာဖရိကဒေသအတွင်း အခြေခံအဆောက်အအုံဆိုင်ရာကဏ္ဍကိုမြှင့်တင်ပေးခဲ့ဟု အာဖရိကသမဂ္ဂတာဝန်ရှိသူ ပြောကြား

စက်တင်ဘာ ၂၆

     တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် တရုတ် – အာဖရိကအခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုကို မြှင့်တင်ပေးခဲ့ကြောင်း အာဖရိကသမဂ္ဂ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စက်မှုလုပ်ငန်း ကုန် သွယ်မှုဆိုင်ရာ အကြီးအကဲ အယ်လ်ဘာတို မြူချန်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့ သည်။

        ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် စက်မှုဥယျာဉ်များနှင့် သယ်ယူပို့ဆောင်ရေးကွန်ရက်များကို ဖန်တီးပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် အာဖရိကနိုင်ငံများအကြား ဆက်သွယ်မှုကို မြှင့်တင်နိုင်ခဲ့ပြီး အလုပ် အကိုင်များစွာကိုလည်း ဖန်တီးပေးခဲ့ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားသည်။

         ယခုနှစ်သည်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ဆယ်နှစ်ပြည့်သည့် နှစ်ဖြစ်သည့်အတွက် ၎င်းကာလများအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ၏ အောင်မြင်မှုများကို သိသာစွာမြင်တွေ့ခဲ့ရ ကြောင်း ၎င်းက ပြောကြားသည်။

        ၎င်းစီမံကိန်းအရ အလုပ်အကိုင်များစွာကို ပေး အပ်နိုင်ခဲ့ပြီး အာဖရိကနိုင်ငံများ၏ ပြည်တွင်းစီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ အာဖရိကဒေသနိုင်ငံများသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို များစွာတန်ဖိုးထားကြောင်း ၎င်းက ပြောကြားသည်။

#PAN