မြတ်နိုးခင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ မြန်မာအသင်း အနိုင် ရရှိခဲ့

စက်တင်ဘာ ၂၆

       တရုတ်နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ (၁၉) ကြိမ်မြောက် အာရှဖလားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက ဟောင်ကောင်အသင်းကို တစ်ဂိုး ဂိုးမရှိ အနိုင်ရရှိခဲ့ပါတယ်။

       အဆိုပါပြိုင်ပွဲကို စက်တင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပြီး မြန်မာအသင်းအတွက် တစ်လုံးတည်းသောသွင်းဂိုးကို မြတ်နိုးခင် က သွင်းယူပေးခဲ့တာကြောင့် နောက်တစ်ဆင့် တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

       မြန်မာနည်းပြက “ဒီနိုင်ပွဲအတွက် ကစား သမားတွေ၊ နည်းပြတွေအကုန်လုံး ကြိုးစားပြင် ဆင်ခဲ့ပြီး ကျွန်တော် အနေနဲ့ အနိုင်ရရှိတဲ့အပေါ်မှာ ကျေနပ်အားရမှုရှိပါတယ်။ နောက်လာမယ့် ပြိုင်ဘက်ကတော့ ကမ္ဘာ့ဖလား ဝင်ပြိုင်ထားတဲ့ ဖိလစ်ပိုင်အသင်းဖြစ်လို့ တောင့်တင်းတဲ့အသင်းတစ်သင်းပါ။ ဒါပေမဲ့လည်း ကျွန်တော်တို့အသင်း အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ။” လို့ပြောကြားခဲ့ပါတယ်။

      လက်ရှိအချိန်မှာ မြန်မာအသင်းဟာ အုပ်စု (E) မှာ ဖိလစ်ပိုင်အသင်းနဲ့ ရမှတ် ၃ မှတ် တူညီနေပါတယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ စက် တင်ဘာလ ၂၈ ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ် ပြိုင်ကစားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်အသင်းနဲ့ ပွဲစဉ်ကိုတော့ စက် တင်ဘာလ ၂၈ မြန်မာစံတော်ချိန် ၆ နာရီတွင် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

#PAN