စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေး ရွာအနီး စစ်ကိုင်း – မုံရွာကားလမ်းတစ်လျှောက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် နယ်မြေရှင်းလင်းစဥ် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် အကြမ်း ဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်း ဖက်သမား PDF များသည် ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးသွားကြရာ အကြမ်းဖက် သမား PDF ၂ ဦးကို Drone ၁ စီး၊ လက်လုပ်သေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ အလှူခံကံစမ်းမဲဖြတ်ပိုင်းစာအုပ် ၂ အုပ်၊ အီကွေ့မန့် ၁ စုံ၊လက်လုပ်မိုင်း ၆ လုံး၊ ရီမု ၂ ခု၊ ဆိုင်ကယ် ၃ စီးတို့နှင့်အတူ အသေဖမ်းဆီး ရမိခဲ့ကြောင်း သိရပါ သည်။
အလားတူ ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင်လည်း ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာအနီး စစ်ကိုင်း – ရွှေဘိုရထားလမ်းတစ်လျှောက် နယ် မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် နယ်မြေရှင်းလင်းစဥ် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF ၁ ဦးကို လက်လုပ်သေနတ်(အရှည်) ၁ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ နိုင်လွန်ကြိုး ၁ ခွေ၊ဆိုင်ကယ် ၂ စီး တို့နှင့်အတူ အသေဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုရက်ပိုင်းအတွင်း နယ်မြေလုံခြုံရေးတပ် ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရာမှ အကြမ်း ဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်အဖွဲ့များ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရပြီး လက်နက်၊ခဲယမ်းနှင့် ဆက် စပ်ပစ္စည်းများကိုဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေကြောင်း သိရပါသည်။
#PAN