ဩဂုတ်လတွင် အီရတ်နိုင်ငံ၏ ရေနံစိမ်းစည် တင်ပို့မှု ၁၀၆ သန်းကျော်ရှိ

စက်တင်ဘာ ၂၅

     အီရတ်နိုင်ငံသည် ဩဂုတ်လတွင် ရေနံစိမ်းစည်ပေါင်း ၁၀၆ ဒသမ ၁၂ သန်းတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၈ ဒသမ ၈၅ ဘီလီယံရရှိခဲ့ကြောင်း ရေနံဝန်ကြီးဌာနက စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ဩဂုတ်လတွင် အီရတ်ရေနံစိမ်း၏ ပျမ်းမျှဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၃၅ ဒေါ်လာဖြစ်ကြောင်း ရေနံဈေးကွက်ရှာဖွေရေးအဖွဲ့အစည်း၏ ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ ဝန်ကြီးဌာနက ပြောသည်။

        ဘာဆရာဆိပ်ကမ်း မှတစ်ဆင့် အီရတ်နိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းရှိ ရေနံမြေများမှ ရေနံစည် ၁၀၅ ဒသမ ၂၃ သန်းခန့်ကို တင်ပို့နိုင်ခဲ့ကြောင်းနှင့် နိုင်ငံမြောက်ပိုင်း နီနာဗီရ်ပြည်နယ်ရှိ ကေကာယာရေနံမြေမှ ရေနံစည် ၄၆၄,၇၂၅ ကို အဆိုပါလအတွင်း အိမ်နီးချင်းဂျော်ဒန်နိုင်ငံသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

       အီရတ်နိုင်ငံ၏ စီးပွားရေးသည် နိုင်ငံ့ဝင်ငွေ ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသော ရေနံစိမ်းတင်ပို့မှုအပေါ် ကြီးမားစွာမှီခိုနေရကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

#PAN