အောင်လံမြို့နယ်၊ ပြလို့အခြေစိုက်၊ ဒါစမ်းကျေးရွာရပ်/ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးအား အကြမ်ဖက် PDF များမှ အိမ်ပေါ်အထိတက်ရောက်လုပ်ကြံခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်


စက်တင်ဘာ ၂၅

      ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊အောင်လံမြို့နယ် ပြလို့အခြေစိုက် ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် ၏ နေအိမ်သို့ မျက်နှာဖုံးစွပ်ထားသောသေနတ်ကိုယ်စီပါ အကြမ်းဖက် PDF ၄ ဦးသည် အိမ်တံခါးသံကြိုးကိုဖြတ်ကာ အိမ်ပေါ်သို့တက်၍ အုပ်ချုပ်ရေးမှူးအားနှိုးပြီး နေအိမ်အောက်ထပ်သို့ဆွဲခေါ်ခဲ့ကြောင်းသိသည်။
    ထို့နောက် အုပ်ချုပ်ရေးမှူး မှာ အတင်းရုန်းကန်၍ ထွက်ပြေးသဖြင့်သေနတ်ဖြင့် ၄ ချက် လိုက်လံပစ်ခတ်ခဲ့သော်လည်း ထိမှန်မှု့မရှိခဲ့ပဲထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။
      နေအိမ်တွင် ကျန်ရစ်ခဲ့သော ဖုန်းနှင့် နာရီတို့အား PDFအဖွဲ့မှ ယူဆောင်သွားကြောင်းသတင်းရရှိပါသည်။