လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အိမ်အမှတ်(၁၇၂၀)ရှိချစ်ကိုအဆောင် မီးလောင်မှု့ဖြစ်ပွား

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊အမှတ်(၅)ရပ် ကွက်၊ သီတာလမ်း၊ ပင်ရွှေထီးတာဝါတိုင်အနီး အဆောင် တစ်ခု မီးလောင်မှုဖြစ်ပွား


စက်တင်ဘာ ၂၅

ယနေ့ နံနက် ၄ နာရီ ၅၅ မိနစ်အချိန်ခန့်တွင်ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊သီတာလမ်း၊ ပင်ရွှေထီးတာဝါတိုင်အနီး၊ အိမ်အမှတ်(၁၇၂၀)ရှိ ချစ်ကိုအဆောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

၄င်းမီးလောင်မှု ဖြစ်ပွားရာသို့ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၃ စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီး သတ်ယာဉ် ၂ စီး ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့သည်။ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် Level 1 ယာဉ်အုပ်စုထွက်ခွာကာ ၅ နာရီ ၂၀ မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ၅ နာရီ ၂၂ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးစတင်လောင်ကျွမ်းသည့် ချစ်ကိုအဆောင် ၁ ခုသာ မီးလောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်အဆောင်များမီးလောင်ကျွမ်းခြင်းမရှိကြောင်း သိရှိရပါသည်။ မီးလောင်မှုကြောင့်အဆောင်နေမိသားစုလူဦးရေ ၄၀ ကျော် နေထိုင်စရာမရှိသဖြင့်အမှတ်(၅)ရပ်ကွက် ဝါးယားဓမ္မ ဓမ္မာရုံတွင် ခေတ္တထားရှိကြောင်း သတင်းရရှိပါသည်။


#PAN