လူမှုကွန်ယက်တွင် ဒေါ်လာရောင်းသူများကို အသွင်ယူဖမ်းဆီးကာ အရေးယူနေဟု ဗဟိုဘဏ်ပြော

စက်တင်ဘာ ၂၅

      လူမှုကွန်ယက်တွင် ဒေါ်လာရောင်းသူများကို အသွင်ယူဖမ်းဆီးကာ အရေးယူနေသည်ဟု ဗဟိုဘဏ်က ပြောပါသည်။

       လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် နိုင်ငံ ခြားသုံးငွေ ဒေါ်လာနှင့် ယူရိုငွေများကို တရားမဝင် ပို့ဆောင် ရောင်းဝယ်နေမှုများ၌ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေအား တရားဝင်ပေါက်ဈေးထက် ကျော်လွန်၍ ဈေးနှုန်းများအမျိုးမျိုးသတ်မှတ်ကာ တရားမဝင်ရောင်းဝယ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

       အဆိုပါရောင်းဝယ်မှုများက တရားမဝင်ရောင်းဝယ်မှုများဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့များက လိုအပ်သလို အသွင်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဖော်ထုတ်အရေးယူလျက်ရှိသည်ဟု ဆိုပါသည်။

      ဩဂုတ်လ ၂၈ ရက်တွင် အဆိုပါ Facebook Page များမှ အမေရိကန်ဒေါ်လာရောင်းချသူ တစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လိုအပ်သည်များ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပြောခဲ့ပါသည်။

#PAN