လန်ဒန်ဒါဘီမှာ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရတဲ့ အာရှသား ဆွန်ဟောင်မင်

Photos: Twitter

စက်တင်ဘာ ၂၅
မနေ့ညက အမ်းမရိတ်ကွင်းမှာ ကျင်းပခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေပွဲနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
ဒီပွဲမှာ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က စပါးအသင်းအတွက် နှစ်ဂိုးသွင်းယူပြီးနောက် အသင်းရဲ့ သူ၏သွင်းဂိုး (၁၅၀) ပြည့်မြောက်ခဲ့ပါတယ်။
၎င်းအနေဖြင့် အာဆင်နယ်နှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲတွင် ၁၉၉၃ ခုနှစ် မေလက ဂျက်ဟင်ဒရီ နှစ်ဂိုးသွင်းယူပြီးနောက် ယင်းသို့ စွမ်းဆောင်နိုင်သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။