ရွှေဘိုမြို့တွင် ဒေသခံလူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်

စက်တင်ဘာ ၂၅

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဒေသခံလူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးနေမျိုးထွန်းကို အကြမ်းဖက် PDF များက ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

        ရွှေဘိုမြို့၊ အမှတ်(၆) ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူတစ်ဦးမှ ဒေသခံလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကူအညီတောင်းခံလာရာလူမှုကူညီရေးယာဉ်ဖြင့် အသင်းဥက္ကဋ္ဌ က တစ်ဦးတည်း သွားရောက်ခဲ့ကြောင်း၊ ထိုအချိန်တွင် ရွှေဘိုမြို့အဝင် ကားကြီးဝင်းကြားရှိ ရွှေမြိုင်ဗိုလ်လမ်းကြားအရောက်တွင် သေနတ်များ ကိုင်ဆောင်ပြီး အနက်ရောင် ဘောင်းဘီ၊ အနက်ရောင်အင်္ကျီနှင့် အနက်ရောက်မျက်နှာဖုံးများဝတ်ဆင် ထားသည့် အကြမ်းဖက် PDF များက ထိုလူမူကူညီရေးယာဉ်အား ရပ်ခိုင်းပြီး မော်တော်ယာဉ်နှင့် အသင်းဥက္ကဋ္ဌကို ဖမ်းဆီးသွားကြောင်း သိရသည်။

        အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အသင်းဥက္ကဋ္ဌ ဦးနေမျိုးထွန်းမှာ လက်ရှိအချိန်ထိ အဆက်သွယ် မရရှိကြောင်း၊ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ် သည်ကို မသိရသေးကြောင်း  သိရသည်။

#PAN