စက်တင်ဘာ ၂၅
တနင်္ဂနွေညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဗီလာကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲပြီးနောက် ချဲလ်ဆီးအသင်းပိုင်ရှင်ကို စိတ်ရှည်ပေးပြီး အသင်းရဲ့အစီအစဉ်ကို ထောက်ခံပေးဖို့ နည်းပြပိုချက်တီနိုက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ပိုချက်တီနို- “အသင်းပိုင်ရှင်က ရှုံးပွဲတွေအတွက် စိတ်ပျက်နေပါတယ်။ ကျွန်တော့်ရဲ့ စီမံကိန်းတွေအတွက် ဆက်လက်ထောက်ခံပေးဖို့ လိုပါတယ် ” ဟု ဆိုထားပါတယ်။
ချဲလ်ဆီးဟာ ဗီလာကိုရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၁၄)နေရာကိုကျဆင်းခဲ့ပြီး တန်းဆင်းဇုန်နဲ့(၄)မှတ်သာကွာဟလျက်ရှိပါတယ်။ နောက်ဆုံးကစားခဲ့တဲ့(၃)ပွဲမှာ ချဲလ်ဆီးအသင်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသလို အခုရာသီပရီးမီးယားလိဂ်မှာ (၅)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းပရိသတ်တွေကတော့ ဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့် ပွဲအပြီးမှာ ချဲလ်ဆီးအသင်းကို ဆိုရှယ်မီဒီယာကနေ ဝေဖန်ခဲ့ကြပါတယ်။