ယနေ့ ကုန်စျေးနှုန်းသတင်း

စက်တင်ဘာ ၂၅

      ယနေ့အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည် ဒိုင်တွေမှ ရရှိသည့် ကုန်ဈေးနှုန်းများအရ မတ်ပဲဈေး အနည်းငယ် ကျဆင်းနေပြီး ပဲစင်းငုံနီဈေးမှာ ဈေးငြိမ်နေပါသည်။ ပြောင်းဆန်ဈေးနှင့် ကြက်သွန်နီဈေး ဆက်တိုက် ကျဆင်းနေသည်။

       ထန်းလျက်နှင့် သကြားဈေးတို့  မြင့်တက်နေပါသည်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၈၃,၀၈၅ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၉၃,၃၇၅ ကျပ်၊ မတ်ပဲ (Raw) တစ်တင်းကို ၄,၂၉၀ ကျပ်မှ ၄,၃၂၅ ကျပ်ထိ၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၀,၂၂၅ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၇၅၀ ကျပ်မှ ၃,၆၃၀ ကျပ်ထိ၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၅၀၀ ကျပ်မှ ၄,၅၂၅ ကျပ်ထိ၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၆၆၅ ကျပ်မှ ၄,၇၂၀ ကျပ်ထိ၊ ပြောင်းဆန် တစ်ပိဿာကို ၁,၁၃၀ ကျပ်မှ ၁,၁၅၀ ကျပ်ထိ၊ ပဲပုပ်မြစ်ဝ (ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၃,၄၁၅ ကျပ်မှ ၃,၅၈၅ ကျပ်ထိ၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၅၀၀ ကျပ်မှ ၂,၉၀၀ ကျပ်ထိ၊ ကြက် သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၇,၃၀၀ ကျပ်မှ ၈,၆၀၀ ကျပ်ထိ၊ ထန်းလျက် တစ်ပိဿာကို ၃,၆၅၀ ကျပ်မှ ၅,၅၀၀ ကျပ်ထိ၊ သကြား တစ်ပိဿာကို ၃,၆၂၀ ကျပ်မှ ၂,၆၃၀ ကျပ်ထိ၊ အာ လူး တစ်ပိဿာကို ၁,၉၀၀ ကျပ်မှ ၁,၉၅၀ ကျပ်ထိ ဖြစ်ပေါ်နေပါသည်။

        နိုင်ငံခြားငွေလဲလှယ်နှုန်းများမှာ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆.၃၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၄၂.၅၁ ကျပ် ဈေးဖြစ်ပါသည်။

      စက်သုံးဆီဈေးနှုန်းများမှာ Octane 92 တစ်လီတာကို ရန်ကုန်တွင် ၂,၂၉၀ ကျပ်၊ မန္တလေးတွင် ၂,၃၃၅ ကျပ်၊ နေပြည်တော်တွင် ၂,၃၃၀ ကျပ်၊ Octane 95 တစ်လီတာကို ရန်ကုန်တွင် ၂,၃၉၅ ကျပ်၊ မန္တလေးတွင် ၂,၄၄၅ ကျပ်၊ နေ ပြည်တော်တွင်၂,၄၄၅ ကျပ်၊ ဒီဇယ် တစ်လီတာကို ရန်ကုန်တွင် ၂,၅၈၅ ကျပ်၊ မန္တလေးတွင် ၂,၆၃၅ ကျပ်၊ နေပြည်တော်တွင် ၂,၆၃၀ ကျပ်၊Premium ဒီဇယ် တစ်လီတာကို ရန်ကုန်တွင် ၂,၆၆၅ ကျပ်၊ မန္တလေးတွင် ၂,၇၁၀ ကျပ်၊ နေပြည်တော်တွင် ၂,၇၁၀ ကျပ် ဈေးရှိနေပါသည်။

      ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း(YGEA)၏ ယနေ့ထုတ်ပြန်ချက်အရ အကယ် ဒမီ မီးလင်းရွှေဈေးနှုန်းမှာ ကျပ်သိန်း (၂,၂၆၅,၅၀၀ိ/-) နှစ်ဆယ့် နှစ်သိန်း ခြောက်သောင်း ငါးထောင့် ငါးရာ ရှိကြောင်း သိရပါ သည်။

#PAN