မြိုင်မြို့နယ် အိုင်းရင်းကျေးရွာအနီး အကြမ်းဖက် PDF များစခန်းကို သတင်းအရ နယ်မြေခံ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်း၊လက် နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

စက်တင်ဘာ ၂၅

      ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊  အိုင်းရင်းကျေးရွာအနီးတွင် အကြမ်းဖက် PDF များ စခန်းချအခြေ ပြုနေကြောင်း အေးချမ်းစွာ နေလိုသော ဒေသခံရွာသားများက လျှို့ ဝှက်သတင်းပေးပို့လာသဖြင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ၍ နယ်မြေရှင်းလင်ရေးဆောင်ရွက်ရာ အကြမ်း ဖက်သမား PDF များ၏ ယာ ယီစခန်းကို တွေ့ရှိခဲ့ ကြောင်း၊ အကြမ်းဖက်သမား PDF များမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြကြောင်း သိရှိရပါသည်။

       အဆိုပါ အကြမ်းဖက်သမား PDF များ၏ ယာယီခြေကုတ်စခန်းတွင် လူနေတဲ ၄ လုံး၊ထမင်း ချက်ဆောင် ၂ လုံး၊ ထမင်းစားဆောင် ၂ လုံး၊ဘောလီဘောကွင်း ၁ ကွင်း၊ ခြင်းကွင်း ၁ ကွင်း
တို့ကိုတွေ့ရှိပြီး တဲများအတွင်းမှ လက်လုပ်စိန် ပြောင်း ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၂ ခု၊ လက်လုပ်ဗုံးသီး ၄ လုံး၊ဆားကစ်ပြား ၁၁ ပြား၊ စကားပြောစက် ၂ လုံး၊အားသွင်းခုံ ၁ ခု၊ အဝေးထိန်းခလုပ် ၂ ခု၊ ဓာတ်ခဲအသေး ၇ လုံး၊ တိုက်မိုင်းကြိုး ၁၁ ခွေ၊ ဘက်ထရီအိုး ၉ လုံး၊ ဆိုင်ကယ် ၁ စီး၊ ဆိုလာပြား ၃ ချပ်၊အင်ဗာတာ ၃ လုံး၊ ကွန်ကျူးပိုက် ၅ ခု၊ သံပိုက် ၁ ခု၊ ဝါယာကြိုး ၁ ခွေ၊ ဆန် ၇ အိတ်၊ ထိပ်တုံး ၂ ခု၊ဘိလပ်မြေ ၁ အိတ်၊ ပုလဲဓာတ်မြေဩဇာ ၃ ပိဿာ၊ ယမ်း ၁.၅ ပိဿာ၊ သံစ ၅ ပိဿာ၊ AB ကော် ၁၁ ဘူး၊ မီတာတိုင်းကိရိယာ ၂ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။


        ဒေသခံပြည်သူများသည် ယခင်အေးချမ်းစဥ်ကာလအတိုင်း နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အစွန်းရောက်အကြမ်းဖက်ဝါဒကို အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများအနေဖြင့် ထောက်ခံအားပေးခြင်းမရှိတော့ဘဲ ၎င်းတို့၏ သတင်းများကို နီးစပ်ရာလုံခြုံရေးအဖွဲ့၊ နယ်မြေခံတပ်မတော် တပ်ရင်း/တပ်ဖွဲ့များသို့ ယခုလို လျှို့ဝှက် သတင်း ပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်လာကြကြောင်း သိရပါသည်။