မဟာအောင်မြေမြို့နယ်၊မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ TEL ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့သို့ အကြမ်းဖက် PDF များက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်


စက်တင်ဘာ ၂၅

    ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာအောင်မြေ အရှေ့ရပ်ကွက်၊ ၈၁ လမ်း၊ ၃၈×၃၉ လမ်းကြားတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရသည်။ 

     ဖြစ်စဉ်မှာ ၈၁ လမ်းအတိုင်း တောင်မှမြောက်သို့ အမျိုးသားတစ်ဉီးမောင်းနှင်ပြီး အမျိုးသမီးတစ်ဦး နောက်ထိုင် စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်တစ်စီးပေါ်မှ ၈၁ လမ်း၊ ၃၈×၃၉ လမ်းကြားရှိ TEL ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့သို့ တရုတ်လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ သောင်းကြမ်းသူများ ပစ်ခတ်ခဲ့သော လက်ပစ်ဗုံးမှာ TEL ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းရှေ့တွင်ရပ်နေသော မောင်ကျော်ဇင်၊ ၂၁ နှစ်၊ (ဘ)ဉီးဇော်ထူးမြတ်၊ ပထမနှစ်၊ ဒသနိက၊ ရတနာပုံ၊ အဝေးသင်၊ ၈၁ လမ်း၊ ၃၈×၃၉ လမ်းကြားနေသူတွင် တင်ပါးအထက် ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး အနီးတွင်ရပ်ထားသော MDY-15/7K/9396၊TOYOTA LITACE အဖြူရောင်ယာဉ်၏ ဝဲဘက် တံခါးမှန် ၁ ချပ် ကွဲကြေ(ခန့်မှန်းတန်ဘိုး ၁သိန်းကျပ်ခန့်)ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။