နတ်သံကွင်း-ကျောက်ကြီးကားလမ်းပေါ်ရှိ ပေါက်မြောင်းတံတားကိုအကြမ်းဖက် KNU+PDFအဖွဲ့များက(၆ )ကြိမ်မြောက် ထပ်မံ ဖောက်ခွဲဖျက်ဆီး


စက်တင်ဘာ ၂၅

      ယမန်နေ့ ညပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ဒေသခံပြည်သူလူထုအားထား အသုံးပြုရာ ပေါက်မြောင်းတံတားကို အကြမ်းဖက်ပြည်ပြေး NUG လက်အောက်ခံအဖွဲ့များဖြစ်ကြသော KNU+PDF အဖွဲ့များကနေ ထပ်မံဖြိုချဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။
     ဖြစ်စဉ်မှာ စက်တင်ဘာ (၂၄) ရက်နေ့ ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်က ယခင်က ၅ ကြိမ်တိုင်တိုင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တပ်မတော်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အများပြည်သူသွားလာရလွယ်ကူစေရန် ယာယီဆောက်လုပ်ထားသော အလျား (၅၆ )ပေ၊ အကျယ်( ၅) ပေရှိ ပေါက်မြောင်းတံတားအား ထပ်မံ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ၍ ကျိုးကျပျက်စီးသွားခဲ့ရပြီး ယာဉ်များအသုံးပြု သွားလာ၍မရတော့ကြောင်း သိရှိရသည်။အဆိုပါ ပေါက်မြောင်းတံတားသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်၊ ဇွန်လ ၂၄ ရက်၊ ဇွန်လ ၃၀ ရက်၊ ဇူလိုင်လ ၁၄ ရက်နေ့များတွင် (၅) ကြိမ်တိုင်တိုင်  မိုင်းထောင်၍ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပြီး ယခုအခါ (၆)ကြိမ်မြောက်တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
       ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းတွင် အကြမ်းဖက်အဖွဲ့ NUG ၏ စေခိုင်းမှုများကြောင့် KNU+PDF အဖွဲ့များမှ ရဟန်း ရှက်လူအများအား သတ်ဖြတ်လုပ်ကြံခြင်း ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများနှင့် စေတီ ပုထိုးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ၊ အများပြည်သူသုံး ရထားလမ်း ၊ လျှပ်စစ်တာဝါတိုင်းများ ၊ ဆက်သွယ်ရေအော်ပရေတာသုံးတာဝါတိုင်များ ၊ ကားလမ်း ၊ တံတားများအား မိုင်းထောင်ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ ဆပ်ကြေးကောက်ခြင်း ၊ လက်နက်ပြအနိုင်ကျင့်၍ မုဒိန်းကျင့်ခြင်း ၊ စာသင်ကျောင်းများ ၊ ဘုန်းတော်ကြီးကျောင်းများတွင်စခန်းချခြင်းများအား ပြုလုပ်နေသဖြင့် ဒေသခံပြည်သူအများထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက်သမားများ၏ခိုအောင်းလှုပ်ရှားနေမှုများအား အများပြည်သူမှပူးပေါင်း သတင်းပေးလျှက်ရှိသည်။ KNUနှင့်KNL အဖွဲ့အား NUG အကြမ်းဖက်အဖွဲ့မှ ငွေပေး၍ အကြမ်းဖက်လုပ်ငန်းများပိုမိုလုပ်ဆောင်နိုင်ရန် စေခိုင်းထားကြောင်း သတင်းရရှိပါသည်။

#PAN