ဒေသတွင်းလုံခြုံရေးအတွက် ပါလက်စတိုင်းအရေးကိစ္စ တရားမျှတစွာအဖြေရှာရန် လိုအပ်ကြောင်း ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးပြောကြား

စက်တင်ဘာ ၂၅

      ဒေသတွင်းတည်ငြိမ်ရေးအတွက် ပါလက်စတိုင်းအရေးကိစ္စအား တရားမျှတစွာဖြေရှင်းရေးသည် မရှိမဖြစ် လိုအပ်ကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်ဘင်ဖာဟန် အယ်လ်ဆပ် (Faisal bin Farhan Al Saud) က စက်တင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေဆွေးနွေးပွဲအတွင်း မိန့် ခွန်း ပြောကြားခဲ့သည်။

         ဖိုင်ဆယ် က ယီမင်နိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းအရေးကိစ္စ အသီးသီးတွင် ၎င်းနိုင်ငံ ၏ ရပ်တည်ချက်ကို ထပ်မံပြောကြားခဲ့ပြီး၊ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး အစပျိုးဖော်ဆောင်မှုမှာ ယင်းနေရာ၌ ပဋိပက္ခများ ကို အဆုံးသတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

        ဖျက်အားပြင်းလက်နက်များရရှိရန် လက် နက်ပြိုင်ဆိုင်မှုကို ဟန့်တားရာတွင် နိုင်ငံများအကြား၊ ညှိနှိုင်း ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ လုံခြုံရေးနှင့်တည်ငြိမ်ရေးမှာ ဖြစ်နိုင်ချေမရှိကြောင်း၊ နိုင်ငံတကာဥပဒေ ကို ချိုးဖောက်သည့် တစ်ဖက်သတ်အရေးယူမှုများအား လုံးကို ရှုတ်ချကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN