ဇေယျာသီရိမြို့နယ် မအူတောကျေးရွာတွင် အရက်ကြောင် ကြောင်နေသည့်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး


စက်တင်ဘာ ၂၅

နေပြည်တော်၊ဇေယျာသီရိမြိုနယ် မအူတောကျေးရွာ ဦးနီတွတ်နေ အိမ်တွင် ယနေ့နံနက် ၆နာရီခွဲအချိန်ခန့်က လူတစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။

​ဖြစ်စဥ်မှာ သေဆုံးသူ၏မိခင်ဒေါ်ကြည်မှ သားဖြစ်သူ ကိုသူ အသက်၄၂ နှစ်(ဘ)ဦးနီတွတ်သည် အရက်ကြောင်ပြီး နေအိမ်အပေါ်ထပ် သစ်သားထုပ်တန်းတွင် လျှပ်စစ်ဝါယာကြိုးအဝါရောင်(၂)ချောင်းပူးဖြင့် လည်ပင်းအားချည်နှောင်လျှက် ပုဆိုးနှင့်အကျီဝတ်ဆင်မှုမရှိဘဲ အရှေ့ဘက်သို့ မျက်နှာမူ၍ ကြိုးဆွဲကျသေဆုံးနေသည်ကို တွေ့မြင်ရကြောင်း သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာသို့သက်ဆိုင်ရာ နယ်မြေရဲစခန်း မှတဝန်ရှိသူများရောက်ရှိ စစ်ဆေးလျှက်ရှိ​ပြီး သေဆုံးသူအား နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူဆေးရုံသို့ ပြည်စံအောင် ဂရုဏာရှင် လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

#PAN