ဆီးဂိမ်းရွှေဆုရှင် ဘိလိယက်ကစားသမား ဦးပေါက်စကို နည်းပြအဖြစ် ငှားရမ်းလိုက်တဲ့ အင်ဒိုနီးရှား ဘိလိယက် အဖွဲ့ချုပ်

စက်တင်ဘာ ၂၅
မြန်မာ့ ဘိလိယက် ချန်ပီယံ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဦးပေါက်စကို အင်ဒိုနီးရှားမှ နည်းပြအဖြစ်ငှားရမ်းခဲ့ကြောင်း မြန်မာဘိလိယက်နှင့်စနူကာအဖွဲ့ထံမှ သိရပါတယ်။
ဦးပေါက်စကို အင်ဒိုနီးရှားနိုင်ငံမှ နည်းပြအဖြစ် (၄)လ စာချုပ်ချုပ်ဆိုထားပြီး တစ်လလျှင် အမေရိကန် ဒေါ်လာ ၃၀၀၀ လစာရရှိမည်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့ဘိလိယက်ချန်ပီယံ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဦးပေါက်စ ဟာ မြန်မာ့လက်ရွေးစင်ဘိလိယက်ကစားသမားအဖြစ် (၁၉၉၇) ခုနှစ်မှစတင်သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး နိုင်ငံတကာဘိလိယက်လောကတွင် Silent Killer (အသံတိတ်လူသတ်သမား) ဟု နာမည်ပြောင်ရထားသူလည်းဖြစ်ပါတယ်။
ဦးပေါက်စက ဆီးဂိမ်းတွင် (၆) နှစ်ဆက် ချန်ပီယံဖြစ်ထားသည့် စင်္ကာပူကိုယ်စားပြုကစားသမား ပီတာဂေးခရစ်ကို အနိုင်ယူပြီး (၂၀၂၂) ဗီယက်နမ်ဆီးဂိမ်း၊(၂၀၂၃) ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
မြန်မာ့ ဘိလိယက် ချန်ပီယံ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဦးပေါက်စကို ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇူလိုင်လကလည်း မလေးရှားနိုင်ငံက နည်းပြအဖြစ် ငှားရမ်းခဲ့သေးကြောင်း သိရပါတယ်။