စက်တင်ဘာ ၂၅
ယူကရိန်းနိုင်ငံသမ္မတ ဇာလန်းစကီးသည် စက်တင်ဘာလအတွင်း ကုလသမဂ္ဂရုံးချုပ်သို့ လာရောက်မည် ဟု ခန့်မှန်းထားကြောင်း ယခုလအတွက် လုံခြုံရေးကောင်စီဥက္ကဋ္ဌ တာဝန်ယူထားသော အယ်လ်ဘေးနီးယားနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ သံအမတ်ကြီး ဖာရစ်ဟိုခါ က ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၀ ရက်တွင် ကျင်းပရန်စီစဉ်ထားသော ယူကရိန်းနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေးသို့ ယူကရိန်းသမ္မတ ဇာလန်းစကီး တက်ရောက်မည်ဟု ထင်မြင်ကြောင်း ဟိုခါ က စက်တင်ဘာလ ၁ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
ယူကရိန်းနိုင်ငံဆိုင်ရာ အစည်းအဝေးသည် အယ်လ်ဘေးနီးယားနိုင်ငံအနေဖြင့် ဥက္ကဋ္ဌတာဝန်ယူထားသည့် ကာလအတွင်းတွင် စီစဉ်ထားသော အရေးကြီးသည့် အစည်းအဝေးနှစ်ခုအနက် တစ်ခုဖြစ်သည်။ နောက်ထပ် အရေးကြီးသော အစည်းအဝေးတစ်ခုမှာမူ စက်တင်ဘာလ ၁၄ ရက်တွင် ပြုလုပ်မည့် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ပုဂ္ဂလိက-အစိုးရ မိတ်ဖက်ဆက်ဆံမှုဆိုင်ရာ တံခါးဖွင့်အစည်းအဝေး ဖြစ်ကြောင်း သိရသည်။
လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံရှိကာ ၎င်းတို့၏ မူလတာဝန်မှာ နိုင်ငံတကာ ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းခြင်းဖြစ် သည်။ ယင်းကောင်စီ၏ ဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများက တစ်လစီ အလှည့်ကျ တာဝန်ယူကြခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
#PAN