အထည်ချုပ်လုပ်ငန်းတွင် ကိုရီးယားရင်းနှီးမြှုပ်နှံ မှု တိုးချဲ့မည်

စက်တင်ဘာ ၂၄

      ကိုရီးယားအထည်ချုပ်လုပ်ငန်းက မြန်မာနိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှု တိုးချဲ့ခြင်းများ ဆောင်ရွက်သွားမည့်အပြင် ချည်ထုတ်လုပ်ရေးလုပ်ငန်း၊ ချည်ငင်လုပ်ငန်း၊ ဆေးဆိုးလုပ်ငန်း စတဲ့လုပ်ငန်းများကိုပါ လုပ်ကိုင်သွားမှာ ဖြစ်သည်ဟု ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)မှ သိရပါသည်။

       စက်တင်ဘာလ ၂၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ သည် ကိုရီးယား အထည်ချုပ်လုပ်ငန်းမှ လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကိုရီးယားလုပ်ငန်းရှင်များက ချည်ထုတ်လုပ်ရေးတွင် အတတ်ပညာ၊ အတွေ့အကြုံများစွာရှိကာ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရန် ကုန်သည်စက်မှုအသင်းချုပ်နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆိုပါသည်။

       ၎င်းအပြင် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကိုရီးယားလုပ်ငန်းရှင်များကို လုပ်ကိုင်ရလွယ်ကူစေမည့် အခြေအနေဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း က ပြောကြားခဲ့ပါသည်။ ကိုရီးယားအထည်ချုပ်လုပ်ငန်းအနေနှင့် ၂၀၁၉ ခုနှစ်က ပဲခူးမြို့တွင် အထည်ချုပ်စက်ရုံတစ်ရုံ စတင်တည်ထောင်ခဲ့ပြီး အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကာ ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါသည်။

#PAN