အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော  CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ် ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူ Facebook အကောင့်ပိုင်ရှင် ၁ ဦးကို ဖော်ထုတ်အရေးယူ


စက်တင်ဘာ ၂၄

       အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည် ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်း ခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

         ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြု လုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင် ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

        ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော် လည်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် လယ်ဝေးမြို့ အမှတ်(၇)ရပ်ကွက်နေ ညီညီထွန်း၊၄၈နှစ်(ဘ)ဦးမျိုးညွန့်၊၊ရေခဲစက်လုပ်ငန်း လုပ်ကိုင်သူအား ၎င်းကိုင်ဆောင်သည့် I Phone X အမျိုးအစား အနက်ရောင်အား စစ်ဆေးရာ Nyi Nyi Tun အမည်ပါ Facebook အကောင့်ဖြင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် “လုပ်တရုတ် (သို့မဟုတ်) $ပေါလင်မယား” ဟုရေးသားပြီး နိုင်ငံတော်အကြီးအကဲများ၏ ပုံများအား Post တင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အလံပုံဖြင့်“ဘယ်ကောင်ဖျက်သိမ်း ဖျက်သိမ်း ငါတို့ပြည်သူရှိနေသ၍ NLD ပါတီရှိနေတယ်” ဟုရေးသား Post တင်ခြင်း၊ “လျှပ်စစ်မီးနဲ့ အာရုံလာမလွှဲနဲ့၊ အဲ့အကွက်တွေကို ပြည်သူတွေက ရိုးနေပြီကြင်စိုး”ဟု စာသားများရေးသား လွင့်တင်ခြင်း၊ “Khit Thit Media”ဒေါ်အောင်ဆန်းစုကြည်ပုံဖြင့် “NLD ပါတီ ဖျက်သိမ်းဆိုသော အကြမ်းဖက်စစ်ကောင်စီ၏ကြေညာချက် တရားဝင်မှုမရှိ…”ဟု ရေးသားထားသော Post အား ထပ်မံ၍ “အာဏာရှင်စနစ်အလိုမရှိ”ဟု စာသားအား ရေးသားပြီး Post တင်ခြင်းတို့ ဆောင်ရွက်ခဲ့သဖြင့် ပြည်သူလူထုအား အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းများ ရေးသား Postတင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ​​ကြောင်းသိရသည်။

နိုင်ငံတော်အကြီးအကဲများအား ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် အများပြည်သူများ ကြောက်ရွံ့စေရန် (သို့) ကြံရွယ်ချက်ဖြင့် လွင့်တင်ခဲ့သူ ညီညီထွန်းအား လယ်ဝေးမြို့မရဲစခန်း (ပ)၂၀၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်အမှု့ဖွင့် အရေးယူထားကြောင်းသိရသည်။

      ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက် နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည် ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြု လုပ်ခဲ့မှု အပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒ ဖြန့်သူများအား ဆက်လက်ဖော် ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ထားပါသည်။