ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်း ဖြူဘလောက်တုံး ၁၁၇ တုံး(အလေးချိန် ၄၀ ဒသမ ၉၅ ကီလို)သိမ်းဆည်းရမိ

စက်တင်ဘာ ၂၄

      ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၌ ငွေကျပ် သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ
ဘိန်းဖြူ ဘလောက်တုံး ၁၁၇ တုံး(အလေးချိန် ၄၀ ဒသမ ၉၅ ကီလို) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

         မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင် ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် ပင်လောင်းမှ တပ်ကုန်းသို့ ခွန်တင်ထွန်း (ခ)ခွန်ဧပရယ်မောင်းနှင်ပြီး ခွန်စိုးထိုက် လိုက်ပါလာသည့် HIACE ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စစ်ဆေး ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၁၁၇ တုံး(အလေးချိန် ၄၀ ဒသမ ၉၅ ကီလို) သိမ်းဆည်းရမိခဲ့ပြီး ဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိသည့် ဘိန်းဖြူဘလောက်တုံးများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူး လွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

#PAN