မုံရွာမြို့နယ်၊နဂါးတွင်းကျေးရွာအနီး သတင်းအရ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များ၏လက်နက် ၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

စက်တင်ဘာ ၂၄

      ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊  နဂါးတွင်းကျေးရွာအနီးတွင် အကြမ်းဖက်သမား PDF များ အခြေ ပြု ခိုအောင်းနေကြောင်း ဒေသခံရွာသားများ၏ သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်၍ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက် PDF များမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးကြကြောင်း သိရသည်။

      အဆိုပါနေရာသည် အကြမ်းဖက် PDF များ ၏ ယာယီခြေကုတ်နေရာဖြစ်ပြီး ၎င်းနေရာကို ရှင်းလင်းရာ လူနေတဲ ၂ လုံးကို တွေ့ရှိရသည်။ အဆိုပါ တဲများအတွင်းမှ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၂ ခု၊ ပွိုင့်၂၂ ကျည် ၇ တောင့်၊ ဝါယာကြိုး ၁ ခွေ၊ ယမ်းကြိုး ၁ ခွေ၊ ရီမု ၆ ခု၊ ဒီတိုနေတာ ၂၅ ချောင်း၊ ပြောက်ကျားယူနီဖောင်း ၁၃ စုံ၊ လည်တိုဖိနပ် ၅ ရံ တို့ကို သိမ်း ဆည်းရရှိကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက်သောင်းကျန်းသူများ၏ အစွန်း ရောက်အကြမ်းဖက်ဝါဒဖြင့် အကြမ်းဖက် လူသတ်၊ ပြန်ပေးဆွဲစသည့် လုပ်ရပ်များမှာ အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထုက ထောက်ခံအားပေးခြင်းမရှိတော့ဘဲ ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့၊ နယ်မြေခံတပ်မတော် တပ်ရင်း/တပ်ဖွဲ့များသို့ ယခုလို သတင်း ပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီလာကြကြောင်း သိရပါသည်။

#PAN