“တရုတ်နိုင်ငံတွင် Hangzhou Asian Games ဖွင့်ပွဲအခမ်းအနားကြီး အား အောင်မြင် စွာဖွင့်လှစ်နိုင်ခဲ့”

စက်တင်ဘာ ၂၄

တရုတ်နိုင်ငံ အရှေ့ဘက်ပိုင်းရှိ Hangzhou မြို့တွင် ကျင်းပပြုလုပ်နေသည့် Asian Games 2023 ဖွင့်ပွဲ အခမ်းအနားကြီးအား တရုတ်နိုင်ငံသမ္မတ Xi Jinpingက ပြီးခဲ့သည့် စက်တင်ဘာ ၂၃ စနေနေ့တွင် ကိုယ်တိုင် ပါဝင်တတ်ရောက် ခဲ့ပြီး အာရှအားကစားပြိုင်ပွဲတော်ကြီးကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ထို့နောက် နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဌ Thomas Bach နှင့် ဆီးရီးယားသမ္မတ Bashar al-Assad တို့ အပါအဝင် ဧည့်သည်တော်များ နှင့်အတူ တရုတ် သမ္မတ ရှိက Hangzhou မြို့တော်၏ လူ ၈၀၀၀၀ ကျော်ဆံ့သော အားကစားရုံကြီးတွင် ပရိသတ်များ နှင့်တကွ အဆိုပါ အားကစားပွဲတော်ကြီး၏ ဖွင့်ပွဲအခမ်းအနားကြီးကို အောင်မြင်စွာ ​ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Hangzhou အာရှ အားကစားပြိုင်ပွဲကြီးသည် ဆယ်စုနှစ်များစွာ အတွင်း နိုင်ငံပေါင်း ၄၅ နိုင်ငံမှ အားကစားသမား ပေါင်း ၁၂,၀၀၀ ဝန်းကျင်ဖြင့် အားကစားနည်း ၄၀ ပါဝင်ယှဉ်ပြိုင်ကာ တရုတ်နိုင်ငံ၏ အကြီးမားဆုံး အားကစားပွဲကြီး တစ်ခု ဖြစ်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *