ဆော်ဒီအာရေဗျနှင့် သမိုင်းဝင်သဘောတူညီမှုရရှိနိုင်မည့် အကောင်းဆုံးအနေအထားတွင် ရှိနေကြောင်း ဝန်ကြီးချုပ် နေတန်ယာဟု ပြောကြား

စက်တင်ဘာ ၂၄

      စက်တင်ဘာလ ၂၂ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာတွင် ဆော်ဒီအာရေဗျနှင့် ပုံမှန်သံတမန်ဆက်ဆံရေးနှင့်ပတ်သက်ပြီး နေတန်ယာဟု က ငြိမ်းချမ်းရေးရရှိရန် အကောင်းဆုံး အနေအထားတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။

       အမေရိကန်၏ ကြားဝင်ပေးမှုဖြင့် အစ္စရေးနှင့် ဆော်ဒီတို့သည် လတ်တလောတွင် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။ အစ္စရေးနှင့်ဆော်ဒီတို့အကြား သမိုင်းဝင်ငြိမ်းချမ်းရေးရရှိရန် မထင်မှတ်သည့်အပြောင်းအလဲနှင့် ကြုံတွေ့မည်ကို ယုံကြည်ကြောင်း ပြောခဲ့သည်။

        ပါလက်စတိုင်း အနေဖြင့်လည်း အကျိုး ကျေးဇူးများ ရရှိနိုင်မှာဖြစ်ပြီး အာရပ်နိုင်ငံများနှင့် ငြိမ်းချမ်းရေးစာချုပ် သစ်များ ပြုလုပ်ရာ တွင် ဗီတိုအာဏာအသုံးပြုခွင့် မပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပါလက်စတိုင်းတို့၏ အခွင့်အရေး အပြည့်အဝမရသေးသ၍ အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးရရှိနိုင်ဦးမှာမဟုတ်ကြောင်း ပါလက် စတိုင်းသမ္မတ မာမွတ်အဘတ်စ် က ပြောသည်။

       အီရန်နိုင်ငံနှင့် ပတ်သက်၍ ပြောကြားရာ တွင် နျူကလီးယားလက်နက်များ အီရန်နိုင်ငံက မရရှိစေရေးအတွက် ၎င်း၏အာဏာကို အသုံးပြု၍ အစွမ်းကုန်ကာကွယ်သွားမှာဖြစ်ကြောင်း နေတန်ယာဟု က ပြောကြားခဲ့သည်။

#PAN