ကမ္ဘောဒီးယားနိုင်ငံက ၂၀၅၀ ပြည့်နှစ်တွင် ဝင်ငွေမြင့်မားသည့်နိုင်ငံဖြစ်ရန် မဟာဗျူဟာချမှတ်ထား

စက်တင်ဘာ ၂၄

      ကမ္ဘောဒီးယားနိုင်ငံအား ၂၀၅၀ ပြည့်နှစ်တွင် ဝင်ငွေမြင့်မားသည့် နိုင်ငံအဖြစ်သို့ ကူးပြောင်းရောက်ရှိရန် မဟာဗျူဟာချမှတ်ထားကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနက် က ပြောကြားသည်။

      ဝန်ကြီးချုပ် ဟွန်မာနက် သည် စက်တင်ဘာ လ ၂၂ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အထက်ပါအတိုင်း မှတ် ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ်နှင့်အထက် ဝင်ငွေရှိသည့် နိုင်ငံဖြစ်လာရေး ရည်မှန်းချက်ရောက်ရှိရန် အများအပြားဆောင်ရွက်ထားပြီး ၂၀၅၀ ပြည့်နှစ်တွင်မူ ဝင်ငွေမြင့်မားသည့် နိုင်ငံဖြစ်လာရန် မျှော် မှန်းထားကြောင်း ဝန်ကြီးချုပ် ဟွန်မာနက် က ပြောကြားသည်။

         ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု သည် ၂၀၂၂ ခုနှစ်အတွင်းက ၅ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းရောက်ရှိရန် မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

#PAN